နေပြည်တော်မှာတောင် ဆီပြတ်နေ

မေ ၃၁-၂၀၂၂
KT(VOM)

နေပြည်တော်က ဆီပန့်အချို့‌မှာ လက်ကျန်ဆီလျော့နည်းနေတာကြောင့် စက်သုံးဆီအမျိုးအစားအချို့ လတ်တလောမှာ မရရှိနိုင်သေးဘူးလို့ ဆီထည့်ပြီးပြန်လာသူတွေဆီက သိရပါတယ်။

ဆီဆိုင်တွေမှာလည်း မီးနီပြထားတဲ့ ဆီဈေးနူန်းထဲက ဆီတွေသာ လက်ကျန်ရှိတော့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဆီထည့်ပြီး ပြန်လာသူတဦးက “ဆီပန့်တိုင်း မရတာတော့မဟုတ်ပါဖူး ရတဲ့ဆိုင်တော့ ထည့်လို့ရပါတယ်၊တချို့ဆိုင်က 92မရဖူး 95ရတယ်၊တချို့ဆိုင်က 95မရဖူး 92ရတယ်၊အနီးနားဆီပန့်တွေက မရတော့ ၃ဆိုင်လောက်တော့ ပတ်လိုက်ရတယ်၊ဆီပြတ်တယ်ဆိုပြီး သတင်းတွေထွက်တော့ ကြောက်လန့်ပြီး တန်းစီထည့်နေရတယ်”လို့ ပြောပါတယ်။

မနေ့ မေလ ၃၀ရက်နေ့အထိ 92 တလီကို 2265ကျပ်၊ 95 တလီတာကို 2385ကျပ်၊ Diesel တလီတာ 2370ကျပ်၊ P Diesel တလီတာ2400 ကျပ်တို့ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း MPTA ကတော့ ပြည်တွင်းမှာ Ron 92/Ron 95 တွေကို Terminal တွေကနေ အဆက်မပြတ်ထုတ်ပေးနေတယ်လို့ မေလ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

မေလ ၂၂ ရက်နေ့တုန်းကလည်း မြန်မာနိုင်ငံကို တန်ချိန်ပေါင်း ဓာတ်ဆီ ၁၇၂၀၀ သယ်ဆောင်လာတဲ့ MT YU HAI သင်္ဘော နဲ့ တန်ချိန်ပေါင်း (20000)သယ်ဆောင်လာတဲ့ Aberlour သင်္ဘော ၂ စီးရောက်ရှိထားတယ်လို MPTA က ပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #စက်သုံးဆီ

Related posts

Leave a Comment

VOM News

FREE
VIEW