ခင်ဦးမြို့နယ်မှာ စစ်ဘေးရှောင်ဖို့ ထွက်ပြေးနေတဲ့ လင်မယား ၂ ဦး အသတ်ခံရ

ဇွန် ၊ ၁-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ ဗအိုးကျေးရွာရဲ့ အရှေ့ဘက် စစ်ဘေးရှောင်နေရာတခုမှာ မနေ့ မေ ၃၁ ရက် ညနေပိုင်းက စစ်ဘေးရှောင် လူ ၂ ဦး အသတ်ခံရတယ်လို့ နယ်ခံပရဟိတအသင်းတွေဆီက သိရပါတယ်။

” မနက်ကစလို့ ဗအိုးရွာဘက်ကို စစ်ကြောင်းဝင်လာတယ်လို့ ကြားရတော့ ၊ ရွာကလူတွေ နီးစပ်ရာတောတွေထဲကို ထွက်ပြေးတိမ်းရှောင်ကြတယ် ၊ အဲ့ဒီလို တိုက်ပွဲရှောင်နေတဲ့ လူတွေထဲက ဗအိုးရွာသား ဦးစိုးဝင်းနဲ့ ဒေါ်ခင်စန်းဝင်း လင်မယား ၂ ယောက် အသတ်ခံရတာ “လို့ ဗအိုးရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီ လူသတ်မှုနဲ့ပတ်သက်ပြီး ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦးက”အသတ်ခံရတဲ့ အကြောင်းကတော့ ထုံးစံအတိုင်း ဒလန်လို့ ခေါင်းစဥ်ကပ်မှာပေါ့ ၊ အဲ့ဒီ ဖြစ်စဥ်ကို အကြမ်းဖက် မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအရ အရေးယူထားတယ် “လို့ ပြောပါတယ်။

ခင်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် ဇွန်လစကလို့ ဒီနှစ် မေလအထိ လူသတ်မှုဖြစ်စဥ်ပေါင်း ၁ ရာကျော်ရှိတဲ့အနက်က ၂ လောင်းပြိုင်နဲ့ ၄ လောင်းပြိုင် လူသတ်မှုဖြစ်စဥ် အကြိမ်ရေ ၃ ဒါဇင်မက ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခင်ဦးမြို့နယ်ထဲမှာ တိုက်ပွဲရှောင်ဖို့ထွက်ပြေးနေရင်း ရွာတွေ မီးလောင်ခဲ့တဲ့ အကြိမ်ရေ ၄၀ ကျော်နဲ့ ကျေးရွာပေါင်း ၃၀ ကျော် မီးဘေးသင့်ခဲ့ရတာတွေ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ခင်ဦး #လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW