တနိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ဧပြီနဲ့ မေလ အတွင်း မိုးကြိုးထိမှန် သေဆုံးသူ ၃၀ ကျော်ရှိခဲ့

ဇွန် ၊ ၁-၂၀၂၂
SP (VOM)

ပြီးခဲ့တဲ့ ဧပြီ နဲ့ မေ ၂ လအတွင်းမှာ တနိုင်ငံအတိုင်းအတာ အနေနဲ့ မိုးကြိုးထိမှန် သေဆုံးသူ ၃၀ ကျော်ရှိတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ညွှန်ကြားရေးမှူးရုံးချုပ်ကနေ သိရပါတယ်။

” ပြီးခဲ့တဲ့ ဧပြီ နဲ့ မေ ၂ လအတွင်းမှာ တနိုင်ငံလုံး အနေနဲ့ မိုးကြိုးပစ်တဲ့ ဖြစ်စဥ်အကြိမ်ရေ ၃၂ ကြိမ်ရှိတယ် ၊ မိုးကြိုးထိမှန်ပြီး သေဆုံးသူက ၃၄ ယောက် ၊ ဒဏ်ရာရလို့ ဆေးကုသခံနေရသူက ၉ ဦးရှိတယ် “လို့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးညွန်ကြားရေးမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီ အရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်တွေကနဲ့ နှိုင်းယှဉ်ရင် ဒီနှစ် ဧပြီနဲ့မေ ၂ လအတွင်း ဖြစ်ပွားမှုနူန်းက ပိုများလာတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုတွေ ကျယ်ပြန့်စွာ လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ မုံရွာမြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင် သဘာဝဘေးအန္တရာယ်ကြောင့် မိုးကြိုးထိမှန် သေဆုံးသူ ၁ ဦးကို ထောက်ပံ့ကြေးငွေ ၃ သိန်းကျပ် ၊ ဆေးကုသနေတဲ့ ဒဏ်ရာရသူ ၁ ဦးကို ၅ သောင်းကျပ် နူန်းနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဌာနက ထောက်ပံ့ပေးတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဥ် မိုးကြိုးထိမှန်သေဆုံးသူတွေနဲ့ ဒဏ်ရာရ ဆေးကုသရသူတွေကို ပုံမှန်နူန်းထား ၃ သိန်း နဲ့ ၅ သောင်း ထောက်ပံ့ပေးရာ နှစ်စဥ် ထောက်ပံ့ရတဲ့ ငွေပမာဏဟာ သိန်း ၂ ရာကျော်ကနေ သိန်း ၅ ရာအတွင်း ကုန်ကျတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မိုးကြိုမှန်သေဆုံး #၂လအတွင်း #၃၀ကျော်ရှိခဲ့

Related posts

Leave a Comment

VOM News

FREE
VIEW