အကျဉ်းကျနေတဲ့ သတင်းထောက်တွေအတွက် တစ်ဦးကို ထိုင်းဘတ် ၆၀၀၀ MPFI-D ကထောက်ပံ့မယ်

ဇွန် ၃-၂၀၂၂
GG(VOM)

လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုတွေအကြား အကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့ သတင်းထောက်တွေကို ထောင်ဝင်စာအတွက် တဦးကို ထိုင်းဘတ်ငွေ ၆၀၀၀ ထောက်ပံ့ပေးသွားမယ်လို့ MPFI-D ကပြောဆိုပါတယ်။

အကျဉ်းကျခံနေရတဲ့ သတင်းထောက်တွေအတွက် ထောက်ပံ့မှုကို အခုဇွန်လအတွင်း ပေးအပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

” အကျဉ်းကျခံနေရတဲ့ သတင်းသမားတွေရဲ့ ထောင်ဝင်စာကို ကျနော်တို့ ကူညီပေးတာပါ ။ အဓိက သတင်းထောက်ရဲ့ဖမ်းဆီးခံရမှုဖြစ်စဉ်နေ့ရက် ၊ အချိန်၊ တာဝန်ခံတဲ့ မိသားစုဝင်ရဲ့ဆက်သွယ်ရမယ့် စင်ဂနယ် နဲ့ မက်ဆင်ဂျာလိုပါတယ်။ ရှေ့မှာလည်း အမည်မဖော်ဘဲ ကူနေပါတယ် တော်တော်များများ ရှိပါတယ်။ကျနော်တို့ အခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကူနေပါတယ်၊ အခုက အဖွဲ့ဘက်က ကူတာပါ “လို့ MPFI-D အဖွဲ့ဝင်တဦးကပြောပါတယ်။

ကနဦးအနေနဲ့ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ သတင်းထောက်တွေအတွက် ထောင်ဝင်စာအဖြစ် တဦးကို ထိုင်းဘတ် ၆၀၀၀ နှုန်းနဲ့ စုစုပေါင်း သတင်းထောက် ၂၀ ကနေ ၂၅ ဦးလောက်ထိ ကူညီပံ့ပိုးမှာဖြစ်ပေမယ့် အကျဉ်းကျသူအားလုံးကို ကူညီနိုင်ဖို့အတွက်လည်း လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထောင်ဝင်စာခက်ခဲနေတဲ့ သတင်းထောက်တွေရဲ့ မိသားစုဝင်တွေအနေနဲ့ ဆက်သွယ်နိုင်ကြောင်း၊ လျှောက်ထားပေးသူအနေနဲ့ကတော့ တာဝန်ခံဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သတင်းသမား ၁၄၃ ဦး ရှိပြီး အဲ့ဒီထဲကမှ ၈၂ ဦးမှာ ပြန်လည်လွတ်မြောက်ခဲ့ပြီး ၅၈ ဦးမှာ အခုအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရကာ သေဆုံးသူ ၃ ဦးလည်းရှိခဲ့ပါတယ်။

အဲဒီဖမ်းဆီးခံ ၅၈ ဦးထဲက ၁၉ ဦးဟာ ထောင်ဒဏ်ချမှတ် ခံထားရပြီး ကျန် ၃၉ ဦး ထဲက အများစုဟာ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတာ တနှစ်ကျော် ကြာမြင့်နေပြီဖြစ်တယ်လို့ ISP myanmar က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #အကျဉ်းကျသတင်းထောက် #ထိုင်းဘတ်၆၀၀၀ #MPFI-Dကထောက်ပံ့မယ်

Related posts

Leave a Comment

VOM News

FREE
VIEW