ကျိုင်းတုံ – မိုင်းလား ကားလမ်းမှာ တရားမဝင် ဝင်လာတဲ့ တရုတ်လူမျိုးတွေကို ပစ်ခတ်ဖမ်းဆီး

ဇွန် ၊ ၃-၂၀၂၂
SP (VOM)

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့နယ် ၊ကတ်တောင်ကျေးရွာအုပ်စု၊ ကျိုင်းတုံ-မိုင်းလားလမ်းမှာ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်က ဝမ်တာပုံဘက်က မောင်းနှင်လာတဲ့ ကား ၁ စီးကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းတဲ့အခါ ကားကိုမရပ်ဘဲ မောင်းပြေးသွားတာကြောင့် သေနတ်နဲ့ပစ်ပြီး ဖမ်းတဲ့အခါ ကားပေါ်ပါ လူ ၁ ဦး ဒဏ်ရာရသွားတဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

” အနက်ရောင် အိမ်စီးကား ၁ စီးကို စစ်ဆေးဖို့ ရပ်ခိုင်းတဲ့အခါ မရပ်ဘဲမောင်းသွားလို့ ပစ်ခတ်ဖမ်းဆီးတာပါ ၊ အဲ့ဒီ ကားပေါ်က တရုတ်နိုင်ငံသား အထောက်အထားမဲ့ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၁ ဦး လိုက်ပါလာတယ် ၊ ပစ်ခတ်ဖမ်းဆီးတဲ့အချိန် အမျိုးသမီး ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရတဲ့အတွက် ဆေးကုပေးထားတယ် “လို့ လုံခြုံရေးဝန်ထမ်းတယောက်က ပြောပါတယ်။

ဒါ့အပြင် ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့ ၊ တာဝန်ရှိသူ တဦးက ” အထောက်အထားမဲ့ ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၈ ဦးနဲ့ ဗီယက်နိုင်ငံသူလို့ ယူဆရတဲ့ အမျိုးသမီး ၁ ဦး ဖမ်းမိတာပါ ၊ လဝက အဖွဲ့က စစ်ဆေးနေပါတယ် “လို့ ပြောပါတယ်။

ဖမ်းဆီးစဥ်က ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးကိုလည်း ကျိုင်းတုံပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးထားတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်လမ်းကြောင်းကနေ အထောက်အထားမဲ့ ပြည်ပနိုင်ငံသားတွေ နှစ်စဉ်နှစ်တိုင်း ဝင်ရောက်လေ့ရှိတတ်ပေမယ့် ဒီကနေ့ ဖမ်းဆီးမိတဲ့ ၉ ဦးဟာ ၂၀၂၂ခုနှစ်အတွက် ပထမအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျိုင်းတုံ #တရားမဝင်ဝင်လာတဲ့ #တရုတ်လူမျိုးတွေ #ပစ်ခတ်ဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW