စက်သုံးဆီ ပြတ်လပ်မှုနဲ့ ဆီလုပ်ငန်းရှင်အချို့ရဲ့ သဘောထား

ဇွန် ၃-၂၀၂၂
VOM (GG)

အခုရက်ပိုင်းအတွင်း တိုင်းနဲ့ပြည်နယ်အသီးသီးက စက်သုံးဆီ ဖြန့်ဖြူးရေးဆိုင်တွေမှာ ဆီပြတ်လပ်မှုတွေဖြစ်နေပြီး စက်သုံးဆီဈေးဟာလည်း အဆမတန် မြင့်တက်နေပါတယ်။

စက်သုံးဆီရောင်းဝယ်ရေး လုပ်ကိုင်နေသူတွေအနေနဲဲ့စက်သုံးဆီတင်သွင်းခွင့်ကို စည်းကမ်းသတ်မှတ်ချက်တွေနဲ့ မကန့်သတ်တော့ဘဲ တင်သွင်းခွင့်ပေးလိုက်မယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ စက်သုံးဆီပြတ်လတ်မှုတွေ၊မလုံလောက်မှုတွေကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ဒ သုံးသပ်ပြောဆိုထားပါတယ်။

“တစ်လကို ဆီမက်ထရစ် တန်ချိန်၃၇၀၀၀၀ လို့ ယာယီသတ်မှတ်ထားတာပေါ့။ ၅ သိန်းသွင်းခိုင်းလိုက်၊ ၆သိန်းသွင်းခိုင်းလိုက် ချက်ခြင်းကာဗာဖြစ်တယ်။တင်သွင်းခွင့်ပေးလိုက်ပေါ့ မကန့်သတ်နဲ့တော့။တင်သွင်းခွင့်ဆိုတာလည်း အဓိက ဒေါ်လာရောင်းပေးဖို့ပေါ့။အကုန်လုံးကလုပ်ငန်းရှင်တွေက ဒေါ်လာ တရားဝင်မရှိတော့ဘူး ကိုင်ခွင့်မပေးတဲ့အခါကျတော့လေ၊ တင်ပြရတဲ့အပိုင်းတွေရှိတယ်လေ၊ သင်္ဘောဆိုတာ ဘယ်လောက်ကြာလို့လဲ ဒီနဲ့၄ရက် ၅ရက်ဆိုရောက်နေတာ၊ သူ့ပေါက်စျေးပေါ့။ပရီမီယံစျေးတွေကလည်း တက်တယ်။ ” လို့ စက်သုံးဆီလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ကန့်သတ်ချက်ဆိုတာက ဒေါ်လာစျေးထိန်းချုပ်မှုကို ဆိုလိုခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်တွေ ဒေါ်လာကိုင်ဆောင်ခွင့်မရှိခြင်း၊ ဒေါ်လာစျေးထိန်းချုပ်ခြင်းတွေကြောင့် ဆီတင်သွင်းရာမှာ အခက်အခဲတွေဖြစ်နေရတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ မြန်မာနိုင်ငံကို ဝင်ရောက်ရမယ့် ဆီသင်္ဘောအရေအတွက်ထက် သင်္ဘောအစီးရေ ထက်ဝက်နီးပါး အဝင်လျော့ကျခဲ့လို့ လက်ရှိပြည်တွင်းမှာ ဆီမလုံလောက်တာ၊ဆီပြတ်လတ်တာတွေ ရင်ဆိုင်နေရတာဖြစ်တယ်လို့လည်း လုပ်ငန်းရှင်တချို့ဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ ၄ လပိုင်းတုန်းက ဆီသင်္ဘော အဝင်လျော့သွားတယ်၊တော်တော်လျော့သွားတာပေါ့။တဝက်လောက်ပဲအဝင်ရှိတော့၊ အဲ့ဒါက ၅ လပိုင်း၊ အခု ၆ လပိုင်း အထိပါလာတာပေါ့။အချိန် ၅ လပိုင်းမှာ ဝင်ကုန်သဘောဖြစ်နေတာပေါ့။ ၄လပိုင်းက ပုံမှန်ဆို ၁၆ စီးလောက်ဝင်တယ် ထင်တယ်၊ဒါပေမယ့် အဲ့ဒီလမှာ၇စီးလောက်ပဲဝင်တယ် ထင်တယ်။၅လပိုင်းမှာပုံမှန်ဝင်ပေမယ့်လည်း လေးလပိုင်းက ခံသွားတာပေါ့။ ” လို့ စက်သုံးဆီလုပ်ငန်းရှင်တဦးက ထပ်မံပြောပြပါတယ်။

ဆီခွဲတမ်းတွေမလုံလောက်ရာကနေ ဆီပြတ်လတ်မှုတွေဖြစ်တဲ့ နောက်ဆက်တွဲ ကောလဟာလတွေကြောင့်လည်း ဆီစုဆောင်းတာတွေရှိနေသလို ဆီကိုသိုလှောင်ပြီး ကြိုက်စျေးခေါ်ပြီး ပြန်ရောင်းချနေတဲ့ တရားမဝင်ဆီဆိုင်တွေလည်းရှိနေတယ်လို့ သိရပါတယ်။

” အခု ဆီက ကောလဟာလထွက်နေတော့ ဘယ်လို ပြန်ရောင်းရောင်း ရနေတာလေ၊ ဆီရှိတယ်ဆိုတာနဲ့ဝယ်သူက တန်းရောက်လာတာ။ အခုချိန်မှာ ဆီရမယ်သာပြောလိုက် စျေးမကြည့်တော့ဘူး၊ဆီရရေးပဲ ရှိတော့တယ်။ အရောင်းအဝယ်အရမ်းသွက် ဝယ်လိုအားကောင်းတဲ့ ပစ္စည်းတခုဖြစ်နေတာပေါ့။ “လို့ နောက်ထပ် ဆီဆိုင်လုပ်ငန်းရှင်တဦးကပြောပါတယ်။

အခုဖြစ်နေတဲ့ ဆီပြတ်လတ်မှုတွေနဲ့ပတ်သက်ပြီး နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ “ပြတ်လပ်မှုမရှိအောင်ကတော့ ကျွန်တော်တို့ ၁၆ ရက်နေ့အထိ အရန်ဆီတွေပါရှိပြီးဖြစ်တယ်။ ပြီးရင်ထပ်သွင်းမယ့် ဆီတွေရှိတယ်” လို့ ဇွန်လ ၁ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကလည်း နိုင်ငံအတွက် အခွန်အခရရှိစေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ တင်သွင်းခွင့်လိုင်စင်တွေ စိစစ်ခွင့်ပြုခြင်း၊ နိုင်ငံခြားငွေ ဝယ်ယူခွင့်ရရှိစေရေး စိစစ်တင်ပြခြင်း၊ တင်သွင်းစက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရောင်းချမှုကို ကြပ်မတ်ဆောင်ရွက်ခြင်း၊ အရည်အသွေးမှန်ကန်မှုရှိစေဖို့ စိစစ်ကြပ်မတ်ခြင်း၊ ဈေးကွက်အတွင်း ဈေးကစား လိုတဲ့ လုပ်ဆောင်မှုတွေနဲ့ မသမာတဲ့ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်း၊ ရောနှောရောင်းချခြင်းတွေကို အရေးယူနိုင်ဖို့ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်နယ် နဲ့ တိုင်းအသီးသီးက လက်လီအရောင်းဆိုင်တွေမှာပါ စက်သုံးဆီပြတ်လပ်မှုမရှိအောင်နဲ့ လိုအပ်တဲ့ စက်သုံးဆီ ပြန်လည်ဖြည့်ဆည်းနိုင်ရေးကိုပါ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ ပြည်နယ်နဲ့တိုင်းဒေသကြီးကမြို့နယ်အချို့မှာ စက်သုံးဆီခွဲတမ်းမရရှိလို့ မရောင်းချနိုင်ဘဲ ယာယီပိတ်ထားရတဲ့ စက်သုံးဆီအရောင်းဆိုင်တွေရှိနေပါတယ်။

ဒီအခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် လက်ရှိတင်သွင်းနေတဲ့ စက်သုံးဆီပမာဏထက် ပိုပြီးဝင်ရောက်မှသာ အဆင်ပြေနိုင်မှာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #စက်သုံးဆီ

Related posts

Leave a Comment

VOM News

FREE
VIEW