စစ်ပွဲ ရက် ၁၀၀ အတွင်း ယူကရိန်းနယ်မြေ ငါးပုံတပုံကို ရုရှားတပ်တွေ ထိန်းချုပ်ထား

ကိယက်ဗ်၊ ဇွန်-၃-၂၀၂၂
မျိုးဆက်(VOM)

ရုရှားတပ်တွေဟာ လက်ရှိချိန်ထိ ယူကရိန်နိုင်ငံရဲ့နယ်မြေ ငါးပုံတပုံကို ထိန်းချုပ်ထားတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူကရိန်းဟာ အနောက်နိုင်ငံတွေရဲ့ လက်နက်ထောက်ပံ့မှုတွေကို စောင့်ဆိုင်းနေချိန်မှာ ရုရှားဟာ နိုင်ငံအရှေ့ပိုင်းနယ်မြေတွေကို ထိန်းချုပ်ဖို့ ထိုးစစ်တွေဆင်နေပြီး စစ်ပွဲဟာ ရက် ၁၀၀ အတွင်း ၀င်ရောက်လာပြီဖြစ်ပါတယ်။
မိမိတို့နိုင်ငံရဲ့ နယ်မြေ ၂၀ ရာခိုင်နှုန်း၊ စတုရန်းကီလိုမီတာ ၁၂၅၀၀၀ နီးပါးကို ရုရှားတပ်တွေက ထိန်းချုပ်ထားတယ်လို့ ဇီလန်စကီးက ဆိုပါတယ်။ ဒီပမာဏဟာ ဘယ်လ်ဂျီယံ၊ နယ်သာလန်နဲ့ လူဇင်ဘတ်နိုင်ငံတို့ပေါင်းစပ်ထားတဲ့ ဧရိယာထက် ပိုမိုကျယ်ပြောပါတယ်။

ယူကရိန်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ရုရှားတပ်ဖွဲ့၀င် သုံးသောင်းကျော်သေဆုံးခဲ့ပြီး ယူကရိန်းပြည်သူ သောင်းချီပြီး အသတ်ခံခဲ့ရတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။
ယူကရိန်းတပ်တွေဟာ နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့မှာ တန်ပြန်ထိုးစစ်အရှိန်မြှင့်ဖို့ လုပ်ဆောင်နေပြီး အခြေအနေတွေကို ထိန်းထားနိုင်ဖို့ နိုင်ငံခြားကနေ အကူအညီတွေ ပိုမိုလိုအပ်တယ်လို့ သူကပြောပါတယ်။

လက်ရှိမှာတော့ ဂျာမနီဟာ ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပံ့ပိုးပေးဖို့ ကတိပြုထားပြီး အမေရိကန်ကလည်း အဆင့်မြင့်တာဝေးပစ် ဒုံးကျည်တွေ ထောက်ပံ့ပေးမယ်လို့ ကတိပြုထားပါတယ်။

Ref: NHK
Photo:AP

#voiceofmyanmar #VOM #ယူကရိန်း #ရုရှား #ကမ္ဘာ့သတင်း

Related posts

Leave a Comment

VOM News

FREE
VIEW