ကောလင်းမြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ထင်ပေါ်ကြော်ကြားသူ တချို့ ဖမ်းဆီးခံရ

ဇွန် ၊ ၅- ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့ပေါ်က စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ထင်ပေါ်ကြော်ကြားသူတချို့ မနေ့ ဇွန် ၄ ရက်က ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ ကောလင်းမြို့ခံတွေဆီက သိရပါတယ်။

” စားသောက်ဆိုင်လုပ်ငန်းရှင် ၊ စတိုးဆိုင်လုပ်ငန်းရှင်နဲ့ ကောလင်းမြို့ပေါ်မှာ ထင်ပေါ်ကြော်ကြားသူတွေ အဖမ်းခံရတာ “လို့ ကောလင်းမြို့ခံတယောက်က ပြောပါတယ်။

ကောလင်းခရိုင် စီမံအုပ်ချုပ်ရေးရုံးနဲ့ နီးစပ်သူတယောက်က” မနေ့က ဖမ်းဆီးရေးမှာ လူ ၅ ဦး ဖမ်းဆီးစစ်ဆေးနေတာရှိတယ် ၊ ကောလင်းမြို့ ၊ ဈေးရုံ ဗိုလ်တဲရပ်ကွက်က ဟိန်းစတား စတိုးဆိုင်လုပ်ငန်းရှင် ဦးအောင်သူရ ၊ သုဝဏ္ဏရပ် ၊ မြို့မကုန်းရပ်ကွက်က ကောင်းကောင်း စားသောက်ဆိုင်လုပ်ငန်းရှင် ဦးအောင်ကျော်ဦး ခေါ် ဦးကျော်ဦးနဲ့ ကျော်ဇေယျ ၁ ရပ်ကွက် ၊ ဝါးရုံတိုးရပ်က ဒေါ်ကြည်ကြည်ခိုင် တို့ဖြစ်တယ် ၊ အဖမ်းခံရသူတွေဟာ အကြမ်ဖက်မှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စတွေနဲ့ ငြိစွန်းနေလို့ဖြစ်တယ်” လို့ ပြောပါတယ်။

မနေ့က မနက်ပိုင်းမှာ ကောလင်းမြို့ ၊ မြို့မကုန်းရပ်ကွက် ၊ ရွှေမင်းဝံလမ်း ၊ ဗိုလ်ချုပ်ပန်းခြံနားမှာလည်း ကိုအောင်သူဝင်း ခေါ် ကိုအောင်သူနဲ့ ကိုမျိုးနိုင်ထွန်း ခေါ် တောသား ဆိုတဲ့ လူ ၂ ဦး အဖမ်းခံရတာ ဖြစ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်ကစလို့ ဒီနှစ် ဇွန်လဆန်းပိုင်းအထိ ကောလင်းမြို့နယ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေ ၊ ကုန်သည်ပွဲစားတွေ ၊ အသိပညာရှင် ၊ အတတ်ပညာရှင်တွေ အပါအဝင် ဝန်ထမ်းတချို့နဲ့ အရပ်သား ပြည်သူ ၂ ရာနီးပါး အဖမ်းခံထားရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ကောလင်း #လုပ်ငန်းရှင် #ထင်ပေါ်ကျော်ကြားသူ #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW