စစ်သင်္ဘော ၊ လေယာဉ် အစင်း ၆၀ ကျော်နဲ့ ပစိဖိတ်ဒေသမှာ ရုရှားစစ်ရေးလေ့ကျင့်နေ

မော်စကို၊ ဇွန်-၄-၂၀၂၂
မျိုးဆက်(VOM)

ရုရှားရဲ့ ပစိဖိတ်ရေတပ်အုပ်စုဟာ တပတ်ကြာမြင့်မယ့် စစ်ရေးလေ့ကျင့်မှုကို ဇွန် ၃ ရက်မှာ စတင်နေပြီလို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ဇွန် ၃ ရက်ကနေ ၁၀ထိ ကြာမြင့်မှာဖြစ်ပြီး လေ့ကျင့်မှုမှာ စစ်သင်္ဘော အစင်း ၄၀ ကျော်နဲ့ စစ်လေယာဉ်အစင်း ၂၀ ကျော်တို့ပါ၀င်မှာဖြစ်ကြောင်း ကာကွယ်ရေး၀န်ကြီးဌာနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ရေးလေ့ကျင့်မှုမှာ ရန်သူ့ရေငုပ်သင်္ဘောတွေကို ဝေဟင်နဲ့ ရေပြင်ကနေ ပူးပေါင်းရှာဖွေ ချေမှုန်းတဲ့ လေ့ကျင့်မှုတွေလည်းပါ၀င်နေပြီး ယူကရိန်းမှာ ထိုးစစ်အရှိန်မြှင့်တင်နေချိန်မှာ အခုလိုစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို အပြည့်အ၀ထိန်းချုပ်နိုင်ဖို့အတွက် ထိုးစစ်ဆင်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW