အိန္ဒိယမှာ မျောက်ကျောက်ရောဂါ သံသယလူနာတဦး စတင်တွေ့ရှိ

ဒေလီ၊ ဇွန်-၄-၂၀၂၂
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒေ့ရ်ှပြည်နယ်ရှိ ဆေးရုံကဆရာ၀န်တွေဟာ အသက်ငါးနှစ်အရွယ် လူနာမိန်းကလေးတဦးမှာ မျောက်ကျောက်ရောဂါလိုမျိုး ရောဂါလက္ခဏာတွေကို တွေ့ရှိခဲ့တယ်လို့ တာ၀န်ရှိသူတွေက ဇွန် ၄ ရက်မှာပြောပါတယ်။

လက်ရှိမှာတော့ လူနာရဲ့ ရောဂါဆိုင်ရာ နမူနာတွေကို စုဆောင်းပြီး စမ်းသပ်စစ်ဆေးဖို့အတွက် အမျိုးသားဗိုင်းရပ်စ်ဗေဒသိပ္ပံကို ပေးပို့ထားတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

အဲဒီလူနာမိန်းကလေးဟာ ခန္ဓာကိုယ်မှာ ယားယံတာတွေနဲ အဖုအပိန့်ထွက်တာတွေဖြစ်ပွားခဲ့ပြီး သူမနဲ့အနီးကပ်ထိတွေ့ခဲ့သူတွေဟာ ပြီးခဲ့တဲ့လက နိုင်ငံရပ်ခြားကို ခရီးထွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လူနာမိန်းကလေးဟာ နားပြည်တည်တာကို ကုသဖို့အတွက် ဇွန် ၃ ရက်မှာ ဆေးရုံတက်ရာကနေ မျောက်ကျောက်ရောဂါလို လက္ခဏာတွေဖြစ်ပေါ်နေတာကို ဆရာ၀န်တွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ လက်ရှိချိန်ထိ မျောက်ကျောက်ရောဂါ ကူးစက်မှုမတွေ့ရသေးပေမယ့် ရောဂါနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်ချက်တွေကို ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref: Straits Times
Photo:Reuters
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW