မုံရွာမြို့ပေါ်မှာ နေ့ခင်းကြောင်တောင် သိန်းတထောင်ကျော် အနုကြမ်းစီးခံရ

ဇွန် ၊၆-၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရတနာပုံရပ်ကွက် ၊ အမှတ် ၃ လမ်းမှာရှိတဲ့ လူနေအိမ်တလုံးမှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က အနုကြမ်းစီးခံရပြီး ငွေကျပ် သိန်း ၁ ထောင်ကျော် ပါသွားတယ်လို့ ရတနာပုံရပ်ကွက်နေသူတွေဆီက သိရပါတယ်။

” မနက်အစောပိုင်း ၈ ခွဲ ၉ ဝန်းကျင်မှာဖြစ်တာပါ ၊ အသက် ၇၀ နီးပါး အဘွားကြီးနဲ့ အသက် ၂ နှစ်အရွယ် မြေအဘွား ၂ ယောက်ထဲရှိတဲ့အချိန် အနုကြမ်းဝင်စီးသွားတာ “လို့ အနီးဝန်းကျင်ရှိ လူတွေကပြောပါတယ်။

အဲ့ဒီ အနုကြမ်းစီးတဲ့ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာခရိုင်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦးက ” ရတနာပုံ ၃ လမ်း ဒေါ်ခင်ဌေးရဲ့ နေအိမ်မှာ ဖြစ်တာပါ ၊ ပိုက်ဆံ ငွေကျပ် သိန်း ၁၇၅၀ ၊ ရွှေ ၁၀ သားတုံး ၁ တုံးနဲ့ ဖုန်း ၁ လုံးပါသွားတယ် ၊ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့ညကလည်း စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက် မြို့နယ် ၊ စိုင်နိုင်လေးကျေးရွာနားက အောင်တေဇ စက်သုံးဆီ အရောင်းဆိုင်မှာ အလားတူ လုယက် ဓားပြတိုက်ခံရတဲ့ဖြစ်စဥ် ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ #သိန်း၁ထောင်ကျော် #ဓားပြတိုက်ခံရ #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW