ညှိနှိုင်းချက်တွေမရလို့ Food Pandaကုမ္ပဏီကို အစားအသောက်ပို့ဆောင်သူ(Rider)တွေက သပိတ်မှောက်

ဇွန် ၆၊၂၀၂၂
KK(VOM)

Foodpanda ကုမ္မဏီနဲ့ညှိနှိုင်းထားတဲ့သဘောတူညီချက်တွေမရလို့ အစားအသောက်ပို့ဆောင်တဲ့(Rider )တွေက ဒီကနေ့ကစပြီး အလုပ်မဆင်းဘဲ စတင်သပိတ်မှောက်ကြတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

အလုပ်သမားတွေအနေနဲ့ Foodpandaကုမ္မဏီကို တောင်းဆိုချက်ရှစ်ချက်အပေါ် ညိုနှိုင်းခဲ့ရာ အဆင်မပြေတဲ့အတွက် အခုလိုသပိတ်မှောက်တာဖြစ်တယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။

“ကျနော်တို့တောင်းဆိုတာက ခရီးစဥ်အကွာအဝေးကိုကြည့်ပြီး လုပ်အားခ ၆၇၀ ကျပ်ကနေ စပေးဖို့၊ နောက်တစ်ခုက ဆော့ဖ်ဝဲနဲ့ထိန်းချုပ်ထားတဲ့ စည်းကမ်းတွေ ဖြေလျော့ပေးဖို့၊ အလုပ်ချိန်မှာ ထိခိုက်နစ်နာမှုတွေဖြစ်လာရင် ကုမ္ပဏီဘက်က တာဝန်ယူပေးဖို့ စတဲ့အချက်တွေ၊ ဒါပေမယ့် ဘယ်လိုမှညှိနှိုင်းလို့ အဆင်မပြေဘူး ဒါ့ကြောင့်သပိတ်မှောက်တာ”လို့ သူကပြောပါတယ်။

ဒီလိုအလုပ်မဆင်းဘဲ သပိတ်မှောက်ရာမှာ အစားအသောက်ပို့ဆောင်တဲ့ (Rider) အားလုံးမဟုတ်ဘဲ အလုပ်ဆင်းနေသူတွေလည်းရှိတယ်လို့ Food pandaမှာ အလုပ်လုပ်နေသူတဦးက ပြောပါတယ်။

“လူတိုင်းတော့ မဟုတ်ပါဘူး အလုပ်မဆင်းဘဲ သပိတ်မှောက်တဲ့သူလည်းရှိတယ် ဆင်းတဲ့သူလည်းရှိတယ် “လို့ သူကပြောပါတယ်။

Foodpanda ကုမ္မဏီနဲ့ အစားအသောက်ပို့ဆောင်တဲ့ (Rider) တွေအကြားဖြစ်နေတဲ့ ပြသာနာအပေါ် စားသုံးသူတွေကလည်း ပြေလည်မှုရရှိစေဖို့ ပြောပြပေမယ့် ကုမ္မဏီဘက်က လိုက်နာမှုမရှိဘူးလို့ စားသုံးသူတဦးက ပြောပါတယ်။

“ညီမတို့ဆို ကလေးတွေကိစွ ဖြေရှင်းဖို့ foodpanda pageမှာကို သွားပြောတာ၊ ပြောလည်းကအလကားပဲ ဘာမှပြန်ကိုမပြောတာ”လို့ သူကပြောပါတယ်။

လက်တလောမှာ Riders အနေနဲ့တောင်းဆိုချက်တွေဘမရမချင်း သပိတ်မှောက်မှာဖြစ်လို့ စားသုံးသူတွေလည်း ပူးပေါင်းပါဝင်ပေးစေလိုတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတဦးက ပြောပါတယ်။

foodpand ကုမ္မဏီနဲ့ Riders ကြားဖြစ်နေတဲ့ပြဿနာနဲ့ပတ်သက်ပြီး VOMအနေနဲ့ Foodpandaကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်ကလည်း Foodpanda Rider တွေ အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

အက်ပလီ‌ကေးရှင်းကိုအသုံးပြုပြီး စားသောက်ကုန်တွေကို အိမ်အရောက်ပို့ဆောင်ပေးနေတဲ့ Food Panda ဟာ ဂျာမဏီနိုင်ငံအခြေစိုက် ကုမ္ပဏီကြီးတခုဖြစ်ပြီး မြန်မာနိုင်ငံဈေးကွက်ကို၂၀၁၉ ခုနှစ်မှာ စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #Foodpanda #ပို့ဆောင်ပေးသူတွေ #သပိတ်မှောက်

Related posts

Leave a Comment

VOM News

FREE
VIEW