ခုနှစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုလုပ်ဖို့ မြောက်ကိုရီးယား ပြင်ဆင်နေ

ဝါရှင်တန်၊ ဇွန်-၇-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ များမကြာခင်အချိန်အတွင်း နျူကလီးယားစမ်းသပ်မှုပြုလုပ်နိုင်ခြေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အမေရိကန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တကယ်လို့ဒီလို စမ်းသပ်မှုပြုလုပ်ခဲ့မယ်ဆိုရင် ဂျပန်နဲ့ တောင်ကိုရီးယားတို့အပါအ၀င် အမေရိကန်နဲ့ မဟာမိတ်တွေက တုံ့ပြန်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားဟာ လာမယ့်ရက်အနည်းငယ်အတွင်း ခုနှစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ဖို့ ကြိုးပမ်းလာနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်က ဇွန် ၆ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်ရဲ့ မဟာမိတ်တွေဟာ အင်ဒို-ပစိဖိတ်ဒေသအပြင် ကမ္ဘာတ၀န်းမှာရှိကြောင်း၊ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေရဲ့ ခြိမ်းခြောက်မှုတွေအပေါ် မဟာမိတ်တွေအနေနဲ့ နားလည်းသဘောပေါက်တယ်လို့သူကပြောပါတယ်။

မြောက်ကိုရီးယားက ဒုံးကျည်တွေ ကြိမ်ဖန်များစွာ စမ်းသပ်ပစ်ခတ်မှုတွေကြောင့် ပိုမိုတင်းကြပ်ဖို့အရေးယူပိတ်ဆို့မှုတွေချမှတ်ဖို့ လုံခြုံရေးကောင်စီမှာ အမေရိကန်ရဲ့ အဆိုပါပြုမှုကို တရုတ်နဲ့ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။

တကယ်လို့ နောက်တကြိမ် နျူကလီးစမ်းသပ်မှုတွေ မြောက်ကိုရီးယားက လုပ်ဆောင်လာမယ်ဆိုရင် လုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်တခုချမှတ်နိုင်ဖို့ အမေရိကန်က ကြိုးပမ်းသွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးက ပြောပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန် #နိုင်ငံတကာသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW