တန့်ကြည်တောင်ဘုရားဖူးသွားတဲ့ကား ပစ်ခတ်ခံရပြီး အမျိုးသားတဦး သေဆုံး

ဇွန် ၇-၂၀၂၂
GG(VOM)

ပုဂံဒေသရဲ့စွယ်တော်လေးဆူထဲမှာပါတဲ့ ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင်ဘုရားကို ဘုရားဖူးသွားတဲ့ကားတစီး ပစ်ခတ်ခံရပြီး အသက် ၆၉ နှစ်အရွယ်အမျိုးသားတဦးသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဇွန်လ ၇ ရက်နေ့မနက် အစောပိုင်းမှာ ဒေသခံဧည့်လမ်းညွှန်အပါအဝင် လူ ၈ ယောက်ဟာ ပုဂံတဖက်ကမ်းမှာရှိတဲ့ တန့်ကြည်တောင်ဘုရားဖူးသွားချိန် တောင်တက်ကားပေါ်မှာ ပစ်ခတ်ခံရတာဖြစ်ကြောင်း၊ ပစ်ခတ်ခံရပြီး ဆေးရုံကိုပို့ဆောင်နိုင်ခဲ့ပေမယ့် သေဆုံးသွားတယ်လို့သိရပါတယ်။

“ဘုရားဖူးသွားကြတယ်၊အတက်ပဲရှိသေးတယ် စစတက်ခြင်းပဲရှိသေးတယ်၊ သူတို့အပစ်ခံလိုက်ရတယ်ပေါ့။အဲ့ဒီဘက်မှာ ဆေးကုသဖို့မလွယ်လို့ ဒီဘက်ကမ်းကိုပြန်သယ်လာကြတယ်၊ အဲ့ဒီဘက်ကိုတော့ သူတို့ကားနဲ့သွားလို့မရဘူး။ဒီဘက်ကနေ စက်လှေနဲ့သွားရတယ်၊စက်လှေနဲ့ဒီဘက်ကမ်းကနေပို့ ဟိုဘက်ကမ်းရောက်တော့မှ စက်လှေဂိတ်ကနေပဲ တောင်ပေါ်ကိုပို့တဲ့ကားတွေရှိတယ်။ကားအသင်းတွေရှိတယ်၊ကားအသင်းကကားငှားပြီးတက်မှာပေါ့။ဟိုဘက်ကမ်းမှာသွားချိန် ပစ်ခံရတယ်၊အားလုံးပေါင်းဒီဘက်က ဂိုက်ရောဆို၈ယောက်ပါတယ်ပြောတယ်။ “လို့ ပုဂံဒေသခံတဦးကပြောပါတယ်။

ပစ်ခတ်ခံရပြီး သေဆုံးသူဟာ ကားခေါင်းခန်းထဲမှာ ယာဉ်မောင်းနဲ့အတူ စီးနင်းခဲ့သူဖြစ်ပြီး ရင်ဘတ်ကိုသေနတ်ထိမှန်ခဲ့တာဖြစ်ပါတယ်။

ကျန်တဲ့သူတွေအနေနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတော့မရှိဘူးလို့သိရပြီး အဲ့ဒီဘုရားဖူးသူတွေဟာ မြိတ်ဘက်ကလို့သိရပါတယ်။

အဲ့ဒီပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကို ထုတ်ပြန်တာမျိုးမရှိသေးဘဲ ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီးတော့ စစ်တပ်နဲ့ရဲကတော့ စုံစမ်းစစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ် ။

#voiceofmyanmar #VOM #ပုဂံ #တန့်ကြည်တောင် #ဘုရားဖူးကား #ပစ်ခတ်ခံရ #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW