နိုင်ဂျီးရီးယားမှာ ဘုရားကျောင်းထဲ သေနတ်သမားတွေ တိုက်ခိုက်မှု လူ ၅၀သေဆုံး

အဘူဂျာ၊ ဇွန်-၇-၂၀၂၂
မျိုးဆက်(VOM)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်း အွန်ဒိုပြည်နယ်မှာ ဘုရားကျောင်း၀တ်ပြုသူတွေကို သေနတ်သမားတွေက တိုက်ခိုက်မှုကြောင့် လူအယောက် ၅၀ သေဆုံးသွားပါတယ်။

သေနတ်သမားတွေဟာ ပြည်နယ်အတွင်း အိုဝိုမြို့ရှိ စိန့်ဖရန့်စစ်ကက်သလစ်ဘုရားကျောင်းအတွင်း ၀င်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတဦးနဲ့ အခြား၀တ်ပြုသူအချို့ကို ပြန်ပေးဆွဲသွားကြောင်း မျက်မြင်သက်သေတွေကပြောပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်းပါ၀င်ကြောင်း အွန်ဒိုပြည်နယ်လွှတ်တော်အမတ်ကပြောပါတယ်။ ဒါဟာ ယုတ်ညံ့သောလုပ်ရပ်ဖြစ်ကြောင်း နိုင်ဂျီးယားသမ္မတ ဘူဟာရီက ပြစ်တင်ရှုတ်ချထားပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ မကြာသေးမီကာလများအတွင်း အကြမ်းဖက်မှုတွေ တိုးပွားလာနေပြီး ပြန်ပေးဆွဲမှုတွေနဲ့ အကြမ်ဖက်တိုက်ခိုက်မှုတွေ နေရာအနှံ့ဖြစ်ပွားနေပါတယ်။

မတ်လအတွင်းကလည်း အဘူဂျာနဲ့ နိုင်ငံမြောက်ပိုင်း ကာဒူနာမြို့ကြားရှိ အရေးပါတဲ့ ရထားလမ်းကို ပစ်မှတ်ထားပြီး သေနတ်သမားတွေက တိုက်ခိုက်မှုကြောင့် ရထားပေါ်ပါခရီးသည်ကိုးဦးသေဆုံးခဲ့ပြီး ခရီးသည်ဒါဇင်များစွာ ပြန်ပေးဆွဲခံခဲ့ရပါတယ်။

Ref: BBC
Photo: WIKI60S/OLUMIDE OWADUGE
#voiceofmyanmar #VOM #အဘူဂျာ

Related posts

Leave a Comment

VOM News

FREE
VIEW