ဝက်လက်မြို့မှာ မူ/လွန်ကျောင်းအုပ်ဆရာမကြီး ၁ ဦးအပါအဝင် ၁ ရက်ထဲ လူ၃ဦး အသတ်ခံရ

ဇွန် ၊ ၇ -၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့မှာ မနေ့ ဇွန် ၆ ရက် တရက်ထဲ မူ/လွန် ကျောင်းအုပ်ဆရာမကြီး ၁ ဦးအပါအဝင် လူသတ်မှု ၂ ကြိမ်ဆက်တိုက်ဖြစ်ပွားကာ သေဆုံးသူ လူ ၃ ဦးအထိ ရှိခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ပရဟိတသမားတဦးက “မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်မှာ ဝက်လက် မြို့နယ် ၊ မင်းသာကန်ကျေးရွာအုပ်စု ၊ ဘိုတဲကျေးရွာမှာ မူလတန်းလွန် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးခိုင်၊ နောက်ပြီး သူ့ရဲ့ညီမ မကေဇာခိုင်တို့ ၂ ဦးကို အသတ်ခံရတယ် ၊ ၂ လောင်းပြိုင် လူသတ်မှုဖြစ်တယ် ၊ အလားတူ ဖြစ်စဥ်မျိုး မနေ့က ညနေ ၃ ဝန်းကျင်ကလည်း ဖြစ်ခဲ့သေးတယ် ၊ ဝက်လက်မြို့နယ် သခွတ္တောကျေးရွာက ဦးမြင့်ဆွေ နဲ့သူ့မိန်းမ ဒေါ်နွဲ့ကြည်တို့ လင်မယား ၂ ယောက်ကို အည်မသိသူတွေက တွေက ဖမ်းခေါ်သွားပြီး လှတောရွာနဲ့ ပင်ဇင်ကျေးရွာအကြား လေသာကွေ့နားမှာ သတ်ထားခဲ့တယ် ၊ အဲ့ဒီ လူသတ်မှုမှာ ဦးမြင့်ဆွေက နေရာမှာတင် ပွဲချင်းပြီး သေဆုံးပြီး သူ့မိန်းမကတော့ ပြင်းထန်ဒဏ်ရာတွေရခဲ့တယ်” လို့ ပြောပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး ဝက်လက် မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့က မနက် ၁၀ နာရီဝန်းကျင်က ဝက်လက် မြို့နယ်နဲ့ နယ်နိမိတ်ဆက်စပ်နေတဲ့ စစ်ကိုင်းမြို့နယ် ၊ ဆားတောင်မြို့ ၊ ဥသျှစ်ကြီးကျေးရွာက စာရေးအဆင့် ၂ ၊ စာရေးမ ဒေါ်နိုင်နိုင်မော် ဆိုသူလည်း အသတ်ခံရပါသေးတယ်။

ဇွန်လ ၅ ရက်နေ့ ၊ နေ့လယ်ပိုင်းကလည်း မုံရွာမြို့နယ် ၊ ရွာတုံရွာအနီး မုံရွာ-ကျောက္ကာ-အရာတော် ကားလမ်းဘေးရှိ စည်သာကျေးရွာ မူလတန်းလွန်ကျောင်းက ကျောင်းအုပ်ဆရာမကြီး အသတ်ခံရပါတယ်။

အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းထဲမှာ နေ့တိုင်းလိုလို ပညာရေးဝန်ထမ်းတွေ အသက်ခံနေရတာ ၂ ရက်ဆက်တိုက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဝက်လက် #လူသတ်မှု #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW