ကမ္ဘာ့စီးပွားရေးကျဆင်းမှု ရှောင်လွှဲဖို့ ခက်ခဲမယ်လို့ ကမ္ဘာ့ဘဏ် သတိပေး

ဝါရှင်တန်၊ ဇွန်-၈-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာတစ်၀န်းရှိနိုင်ငံတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယိမ်းယိုင်နေတဲ့ စီးပွားရေးကို ပိုမိုထိခိုက်စေတဲ့ စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ဘဏ်က ဇွန် ၇ ရက်မှာ သတိပေးလိုက်ပါတယ်။

ဥရောပနဲ့ အရှေ့အာရှရှိ ဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံတွေဟာ စီးပွားရေးကျဆင်းမှုကို ဆိုးရွားစွာ ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ရဲ့ ဇွန်လအတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအလားအလာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ငွေကြေးဖောင်းပွမှုမြင့်မားခြင်းနဲ့ ဖွံ့ဖြိုးမှုနိမ့်ကျခြင်းလို့ခေါ်တဲ့ အန္တရာယ်မှာလည်း မြင့်မားနေကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဌ ဒေးဗစ်မယ်လ်ပက်စ်က သတိပေးပြောဆိုပါတယ်။

စွမ်းအင်နဲ့ စားနပ်ရိက္ခာစျေးနှုန်းတွေဟာ ကမ္ဘာတစ်၀န်းမှာ မြှင့်တက်လျှက်ရှိပါတယ်။

ယူကရိန်းစစ်ပွဲ၊ ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုနဲ့ တည်ငြိမ်မှုမရှိခြင်းတွေက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အနှောက်အယှက်ဖြစ်စေပြီး နိုင်ငံတွေအနေနဲ့ စီးပွားရေးကျဆင်းမှုကို ရှောင်လွှဲဖို့ ခက်ခဲကြောင်း ကမ္ဘာဘဏ်ဥက္ကဌက ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ မတည်မငြိမ်ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လွန်စွာအန္တရာယ်ကြီးနေကြောင်း ကမ္ဘာ့ရဲ့ဇွန်လအတွက် ကမ္ဘာလုံဆိုင်ရာ စီးပွားရေးအလားအလာ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW