ထီးလင်းမြို့နယ်မှာ အခြေခံပညာ စာသင်ကျောင်းတွေ အားလုံးနီးပါး မဖွင့်နိုင်သေး

ဇွန် ၊ ၉-၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ်ထဲက အခြေခံပညာ စာသင်ကျောင်းတွေ အားလုံးနီးပါးဟာ ဒီကနေ့အထိ ပြန်ဖွင့်နိုင်တာ မရှိသေးဘူးလို့ ဒေသခံ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

” တမြို့နယ်လုံးမှာရှိတဲ့ စာသင်ကျောင်းတွေအားလုံးနီးပါး မဖွင့်နိုင်သေဘူး ၊ ကျောင်းနေချင်လို့ အပ်မယ်ဆိုရင်တောင် ၊ ကျောင်းအပ်လက်ခံပေမယ့် ဆရာ ၊ဆရာမ မရှိဘူး “လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

ထီးလင်းမြို့နယ် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်တဦးက “တစ်မြို့နယ်လုံး ပညာရေးကျောင်းတွေ အသက် မဝင်သေးဘူး ၊ မြို့နယ်ပညာရေးမှူးလည်း မရှိဘူး ၊ ထီးလင်းမြို့နယ်မှာက မြို့ပေါ် ၂ ရပ်ကွက် ၊ ကျေးရွာအုပ်စု ၇၂ အုပ်စု ၊ ကျေးရွာပေါင်း ၉၄ ရွာရှိတယ် ၊ ကျောင်းပြန်ဖွင့်နိုင်ဖို့ ၊ သင်ကြားမှု ၊ သင်ယူမှု ပုံစံ အသက်ဝင်ဖို့ လုပ်ဆောင်နေပါတယ် “လို့ ပြောပါတယ်။

ထီးလင်းမြို့နယ်ရဲ့ကျေးလက်အများစုဟာ တောင်ပေါ်ဒေသမှာ တည်ရှိတာဖြစ်ပြီး ၊ သွားလာရေးနဲ့ လမ်းပန်းလုံခြုံရေး အခက်အခဲတွေကြောင့် ကျောင်းပြန်ဖွင့်နိုင်မယ့် ရက်တွေ နောက်ကျနေတာ ဖြစ်နိုင်တယ်လို့ မကွေးပညာရေးအသိုင်းအဝိုင်းက ပြောပါတယ်။

.” မနှစ်ကတော့ ပညာရေးဝန်ထမ်း သုံး၊လေးရာလောက် CDM ထဲပါသွားတယ် ၊တချို့လည်း CDM ကို ပြန်ဖြေကြတယ် ၊ အသက်အန္တရာယ်နဲ့ လုံခြုံရေးအရ စာမသင်နိုင်တာဖြစ်မယ် ၊ တချို့ရွာကျောင်းတွေမှာက ကျောင်းတက်ချင်တဲ့သူတွေရှိတယ် ၊ ဆရာ မရှိဘူး ၊ တချို့ရွာတွေက ဆရာရှိတယ် ၊ ကျောင်းသားမရှိဘူး “လို့ ထီးလင်းနယ်ခံတယောက်က ပြောပါတယ်။

ဒါ့အပြင် ထီးလင်းမြို့နယ် ပညာရေးကဏ္ဍ နောက်ကျ မကျန်စေရေးအတွက် စာသင်ကျောင်းတွေ အမြန်ပြန်ဖွင့်ဖို့ သက်ဆိုင်ရာကလည်း နယ်မြေရှင်းလင်းရေးတွေ နေ့စဥ်နီးပါး လုပ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထီးလင်း #စာသင်ကျောင်း #အားလုံးနီးပါးမဖွင့်နိုင်သေး

Related posts

Leave a Comment

VOM News

FREE
VIEW