မောင်တောမြို့နယ်မှာ တောဆင်းရိုင်းကြီးတကောင် သေဆုံးနေလျက်တွေ့ရှိ

ဇွန် ၉-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာအနီးမှာ ဒီကနေ့ မနက်ပိုင်းက တောဆင်ရိုင်ကြီးတကောင် သေဆုံးလျက်တွေ့ရှိထားတယ်လို့ သစ်တောဌာနနဲ့ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးလျက်တွေ့ရှိတဲ့ တောဆင်ရိုင်းကြီးဟာ အလျားလိုက် အရှည် (၁၂) ပေ၊ လုံးပတ် (၁၈) ပေနဲ့ အမြင့် (၉) ပေရှိပြီး ဝမ်းဗိုက်ပေါက်ပြဲ ဒဏ်ရာတွေနဲ့ တွေ့ရှိကာ အနက် (၉)လက်မရှိတယ်လို့ မောတောမြို့နယ် သစ်တောဦးစီးဌာနက အတည်ပြုပြောပါတယ်။

မောင်တောမြို့နယ် သစ်တောဦးစီးဌာန ဦးမောင်လုံးက “အရွယ်အစားတွေကတော့ တိုင်းတာပြီးပြီ။ ဒေသခံတွေက သတင်းပေးပို့လာတယ်။ သစ်တောအဖွဲ့နဲ့ နယ်ခြားစောင့်အဖွဲ့နဲ့တော့ ဆွေးနွေးနေကြတယ်” လို့ ပြောပါတယ်။

ဆင်သေဆုံးနေတဲ့ အနီးအနားကျေးရွာတွေကလည်း ညဉ့်အချိန် ဆင်အော်သံကြားတဲ့အတွက် မနက်မိုးလင်းလို့ သွားကြည့်ကြတဲ့အခါ သေဆုံးပြီးတွေ့ရတယ်လို့ ကျေးရွာတာဝန်ခံကပြောပါတယ်။

အဲဒီ ဆင်သေဆုံးတဲ့နေရာဟာ ကျေးရွာအနီးက ရွာသားတွေရဲ့ ဥယျာဉ်ခြံတွေပတ်ဝန်းကျင်မှာဖြစ်ပြီး ဘာကြောင့်သေဆုံးသွားတယ်ဆိုတာကိုတော့ မသိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

“အဲဒီဆင်က ဝမ်းမှာ ဒဏ်ရာ (၂) ချက်လား တစ်ချက်လားဆိုတာ အတိအကျမသိဘူး။ ရွာသားတွေသွားကြည့်တဲ့အခါ သေနေပြီ။ မနက်ကတော့ နယ်မြေက ရဲတွေသွားကြည့်ကြတယ်။ အခုလည်း ရောက်နေကြတယ်လို့ကြားတယ်။ ဆင်တွေက ရွာကို မကြာမကြာဝင်ကြတာရှိတယ်”လို့ ကျေးရွာတာဝန်ခံတဦးက ပြောပါတယ်။

မောင်တောမြို့နယ်အတွင်း လွန်ခဲ့တဲ့ (၅) နှစ်လောက်က ဆင်သေဆုံးလျက်တွေ့တာ တကြိမ်ရှိဖူးပေမယ့် အခုနောက်ပိုင်း ဆင်တွေသေးဆုံးတာမတွေ့ရှိဘဲ အခုမှသာ ရွာအနီးမှာ ဆင်တကောင်သေဆုံးနေတာကို တွေ့ကြတာလို့ ပြောကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း တောဆင်ရိုင်းတွေဟာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်စတဲ့ မြို့နယ်တွေက တောင်တန်းတွေမှာအများအပြားရှိပြီး ကျေးရွာတွေကို အုပ်စုလိုက် ဝင်ရောက်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo- ကျော်စိုးမိုး
#voiceofmyanmar #VOM #မောင်တော #တောဆင်ရိုင်းတကောင် #သေဆုံးလျက်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW