မန္တလေးတိုင်းအတွင်းက ၃၁ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ဆုရခဲ့သူတွေကို ဂုဏ်ပြု

ဇွန် ၉-၂၀၂၂
Voice Of Myanmar

မန္တလေးတိုင်းအတွင်းကနေ ဗီယက်နမ်နိုင်ငံမှာကျင်းပတဲ့ ၃၁ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ပြီး အောင်ပွဲရလာတဲ့ အားကစားသမားတွေနဲ့ နည်းပြတွေကို ဂုဏ်ပြုခြင်းအခမ်းအနားကို ဒီကနေ့မနက်ပိုင်းက မန္တလေးမြို့မှာပြုလုပ်ခဲ့ပါတယ်။

မန္တလေးတိုင်းအတွင်းကနေ အားကစားသမား (၃၃)ဦးနဲ့ နည်းပြ(၆)ဦး၊ အားကစားနည်း(၁၇)မျိုးကို သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၄)၊ ကြေးတံဆိပ်(၃)ခု ရရှိခဲ့တဲ့သူတွေကို ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

ဝူရှူးအားကစားနည်းမှာ ရွှေတံဆိပ်ဆုရခဲ့တဲ့ ကိုသိန်းသန်းဦးကတော့ “ကျွန်တော်ကတော့ ၃နည်းပြိုင်ရပါတယ်၊ ပထမ(၂)မျိုးမှာ ကျွန်တော်မရသေးဘူး၊ အဲ့ဒီတော့ ကျွန်တော့စိတ်တွေကို ပြန်ငြိမ်အောင်မို့ ယုံကြည်မှုရှိအောင်မို့ ကြိုးစားပြီးတော့ ပြန်လည်ယှဉ်ပြိုင်ခဲ့ပါတယ်၊ အခုလိုမျိုး ရွှေတံဆိပ်ဆုရတဲ့အတွက် အရမ်းပဲ အတိုင်းမသိပဲ ဝမ်းသာဂုဏ်ယူပါတယ်၊ အားပေးကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

​မန္တလေးတိုင်းအတွင်းက အောင်ပွဲရအားကစားတွေကို ဂုဏ်ပြုခြင်းအခမ်းအနားမှာ ဗထူးအားကစားကွင်းကနေ မော်တော်ယာဉ်တန်းနဲ့ လှည့်လည်ပြီး မန္တလေးမြို့တော်ခန်းမအတွင်းမှာ ဂုဏ်ပြုဆုတွေ ချီးမြင့်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အားကစားအမျိုး(၂၀)ကို အားကစားသမား (၂၉၃)ဦး၊ အုပ်ချုပ်သူနည်းပြ(၉၇)ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် (၉)ခု၊ ငွေတံဆိပ်(၁၈)၊ ကြေးတံဆိပ်(၃၅)ခု ရရှိခဲ့သလို ပြိုင်ပွဲဝင် ၁၂ နိုင်ငံမှာ အဆင့်(၇)ရရှိခဲ့တာလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #၃၁ကြိမ်မြောက်အရှေ့တောင်အာရှ #အားကစားဆုရသူ #ဂုဏ်ပြု

Related posts

Leave a Comment

VOM News

FREE
VIEW