မိတ္ထီလာနယ်မှာ နေအိမ်တအိမ် အနုကြမ်းစီးခံရပြီး ရွှေထည်နဲ့​ငွေသားတွေပါသွား

ဇွန် ၉-၂၀၂၂
VOM (GG)

မိတ္ထီလာမြို့နယ် ၊ တောမအုပ်စု၊ ပေါက်ပင်သာရွာက နေအိမ်တစ်အိမ် အနုကြမ်းစီးခံရပြီး ရွှေထည်ပစ္စည်းနဲ့ငွေသားတွေ ပါသွားတယ်လို့ သိရပါတယ်။

မနေ့ ဇွန်လ ၇ ရက်နေ့ မနက်အစောပိုင်းမှာ မျက်နှာဖုံး စွပ်ထားတဲ့ အမျိုးသား၅ယောက်ရောက်လာပြီး
ရွှေတကျပ်သားနဲ့အတူ ငွေသားလေးသိန်းကျော်ကို ဓားပြတိုက်ပြီး ယူဆောင်သွားတာဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။

” ၇ရက်နေ့ မနက် ၁နာရီခွဲလောက်ကဖြစ်တာ၊သူတို့ မိသားစုအိပ်နေတဲ့အချိန် လူ၅ယောက်လောက်က မျက်နှာဖုံးစွပ်တွေနဲ့ဝင်လာတယ်၊ ဝင်လာပြီးတော့ သူတို့ကိုဓားနဲ့ထောက်ပြီးတော့ ပစ္စည်းတွေယူသွားတယ်၊ရွှေက၁ကျပ်သား​ကျော်လောက်ပါတယ်၊ငွေကတော့ အိမ်ဆောက်ဖို့ဆိုပြီး စုထားတဲ့၄သိန်းကျော်လောက်ပါသွားတယ်ပြောတယ် “လို့ ဒေသခံတဦးက ပြောပါတယ် ။

ဓားပြတိုက်သူတွေဟာ ငွေသားနဲ့ရွှေထည်ပစ္စည်းသာယူသွားပြီး ဆိုင်ကယ်နဲ့ဖုန်းတွေကိုတော့ ယူသွားတာမရှိကြောင်း၊ အိမ်ပိုင်ရှင်မိသားစုကိုလည်း ရန်ပြုသွားတာမျိုးမရှိဘူးလို့ သိရပါတယ်။

ဓားပြတိုက်ခံရတဲ့မိသားစုကလည်း သက်ဆိုင်ရာရဲစခန်းကို တိုင်ကြားတာမျိုးမရှိ​သေးဘူးလို့ သိရပါတယ်။

” သူတို့ကိုခြိမ်းခြောက်သွားသလားဘာလားတော့မသိဘူး၊ရဲစခန်းဘာညာမတိုင်ဘူးလို့မရှိဘူးကြားတယ်၊ ကျနော်တို့လည်း အခုမနက်မှသိရတာ၊ဘယ်သူမှမပြောဘဲနေတဲ့သဘော၊လူတွေကိုရန်ပြုသွားတာမရှိဘူး၊ဆိုင်ကယ်တွေ၊ဖုန်းတွေလည်းယူသွားတာမရှိဘူးပြောတယ် “လို့ ဒေသခံတဦးကပြောပြပါတယ်​။

မိတ္ထီလာမြို့နယ်မှာ အခုလိုအနုကြမ်းစီးခံရတာဟာ ပထမဆုံးအကြိမ်ဖြစ်ပေမယ့် ဆိုင်ကယ်လုယက်တာတွေ၊ရွေထည်ပစည်းလုယက်တာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မိတ္ထီလာ #အနုကြမ်းစီးခံရ #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW