ကြံခင်းမြို့နယ်မှာ နိုင်ငံသားအထောက်အထားမဲ့သူ ၂၉ ဦး ဖမ်းဆီးရမိ

ဇွန် ၁၀-၂၀၂၂
KK(VOM)

ကြံခင်းမြို့နယ်၊ အုတ်ပုံပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက နိူင်ငံသားအထောက်အထားမဲ့သူ ၂၉ ဦးနဲ့ လိုက်လံပို့ဆောင်ပေးသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့နယ်၊ အုတ်ပုံပူး
ပေါင်းစစ်ဆေးရေးဂိတ်မှာ အိမ်စီးကားနှစ်စီးဟာ စစ်
ဆေးမှုမခံဘဲ ထွက်ပြေးမောင်းနှင်ခဲ့လို့ လိုက်လံရှာ
ဖွေဖမ်းဆီးရာမှ နိုင်ငံသားအထောက်အထားမဲ့သူ ၂၉ ဦးနဲ့လိုက်လံပို့ဆောင်သူတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“အိမ်စီးကားနှစ်စီးက မျှင်ဝါးတောင်ရဲကင်းစခန်းကမိတယ်၊ နိုင်ငံသားအထောက်အထားမဲ့သူတွေတင်လာတဲ့ ဒိုင်နာကားကို အုတ်ပုံဆိပ်စစ်ဆေးရေးက မိတာ”လို့ သူကပြောပါတယ်။

အိမ်စီးယာဥ်မောင်းထွက်ပြေးပြီးနောက် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ဘက်ကနေ မောင်းနှင်လာတဲ့ ဒိုင်နာယာဥ်ကို စစ်ဆေးရာ ဖွဲအိတ်တွေကာရံထားတဲ့အတွင်းမှ လိုက်ပါတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ကျား ၂၈ဦးနဲ့မ ၁ ဦး စုစုပေါင်း ၂၉ ဦးကို ဖမ်းဆီးရမိခဲ့တာ
ဖြစ်တယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။

လက်လောမှာ ဖမ်းဆီးရမိခဲ့တဲ့ နိူင်ငံသားအထောက်အထားမဲ့သူ၂၉ ဦးနဲ့လိုက်ပါပို့ဆောင်သူတွေကို ကြံခင်းမြို့မရဲစခန်းမှာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သူက​ပြောပါတယ်။

ရေကြည်မြို့နယ်က ရေနံ့သာပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မေ၂၇ ရက် ညနေပိုင်းကလည်း နိူင်ငံသားအထောက်အထားမဲ့သူ တရာကျော်ကို ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ကြံခင်း #နိုင်ငံသားအထောက်အထားမဲ့သူတွေ #ဖမ်းဆီးရမိ #မှုခင်း

Related posts

Leave a Comment

VOM News

FREE
VIEW