ချောင်းသာကမ်းခြေက ဟိုတယ်ဝန်ထမ်း ၄၀၀ နီးပါးကို အလုပ်ရပ်နားထားဖို့ လုပ်ငန်းရှင်တွေကစီစဉ်နေ

ပုသိမ် ၊ ဇွန်လ ၁၀-၂၀၂၂
မင်းမြတ်

ဧရာ၀တီတိုင်း၊ပုသိမ်မြို့ရှိ ချောင်းသာကမ်းခြေက ဟိုတယ်ဝန်ထမ်းတွေကို ဧည့်သည်လာရောက်မှု တစ်ရက်နဲ့ တစ်ရက်နည်းပါးလာလို့ ဝန်ထမ်းအယောက် ၄၀၀ နီးပါး အလုပ်ရပ်နားဖို့စီစဉ်နေတယ်လို့ ကမ်းခြေဝန်ထမ်း
တွေဆီက သိရပါတယ်။

ချောင်းသာကမ်းခြေဟာ မေလမှစတင်ကာ ဧည့်သည်ဝင်ရောက်မှုနည်းပါးလာပြီး ဇွန်လမှာ ဧည့်သည်မရှိသလောဖြစ်လာလို့ ဟိုတယ်ပိုင်ရှင်တွေကဝန်ထမ်းတွေကိုအလှည့်ကျ စနစ်နဲ့ ခွင့်ရက်ရှည်ပေးပြီး ဝန်ထမ်းအင်အား ၄၀၀ နီးပါး ကို ဇွန်လအတွင်းမှာ လျော့ချဖို့အတွက်စီစဉ်နေတယ်လို့ သိရပါတယ်။

“နှစ်တိုင်းတော့ ဇွန်လမှာလည်း ဧည့်သည်ကလာလေ့ရှိတယ်၊ ဒီနှစ်တော့ မရှိသလောက်ဖြစ်နေလို့ ဝန်ထမ်းတွေလျော့ချမယ်ဆိုပြီးပြောတယ်။ဘာတတ်နိုင်မလည်း ဝန်ထမ်းက အလုပ်ရှင် ခန့်မှ နေရမှာလေ။အခက်အခဲကတော့ ဒီနှစ် ကုန်ဈေးနှုန်းတွေကြောင့် အလုပ်ရှိနေတာတောင် ခက်ခဲနေတာ အလုပ်တာမလုပ်ရင် ပိုကျပ်လာဖို့သာရှိတယ်။”လို့ အဲ့ဒီကမ်းခြေက ဟိုတယ်ဝန်ထမ်းတဦးက ပြောပါတယ်။

အဲ့ဒီကမ်းခြေက ဟိုတယ် လုပ်ငန်းရှင်တဦးကတော့” ဧည့်သည်မရှိတော့တဲ့အချိန် ဟိုတယ်မှာခန့်ထားတဲ့ ဝန်ထမ်းတွေကို ၃ ပုံ ၁ ပုံအလှည့်ကျစနစ်နဲ့ ခွင့်ရက်ရှည် ပေးပြီး အလုပ်နားခိုင်းတာမျိုးတွေရှိပေမယ့် ဟိုတယ်လုပ်ငန်းမှာ စနစ်က တမျိုးနဲ့တမျိုးမတူပါဘူး။ ဧည့်သည်ဝင်ရောက်မှုကတော့ အရင်နှစ်တွေကထက် နည်းနေတာမှန်တယ်။”လို့ ပြောပါတယ်။

အဲ့ဒီကမ်းခြေက ဟိုတယ်လုပ်ငန်းရှင်တွေနည်းတူ ကမ်းခြေအခြေပြုစားသောက်ကုန်ရောင်းသူတွေ၊ မြင်းနဲ့မော်တော်ဘုတ်ငှားသူတွေ၊မော်တော်ယာဉ်ပြေးဆွဲသူတွေလည်း အခက်အခဲဖြစ်လာတယ်လို့ သိရပါတယ်။

”ကမ်းခြေကို ဧည့်သည်တွေမလာတော့ နေ့စဉ်ရောင်း နေတဲ့ ပုဇွန်ကင်လုပ်ငန်းက ငုတ်တုပ်မေ့နေတယ်။ညဒီအခြေအနေတိုင်းသာ ရှေ့ဆက်သွားရင် ထမင်းငတ်ဖို့ သာရှိတော့တယ်။အရင်က တစ်ရက်ကို ပုဇွန်ကင် ၁၀၀၀၀ ဖိုးကနေ ၃၀၀၀၀ ဖိုးအထိရောင်းရတယ်၊ အခုတော့ တစ်ရက်ကို ၃၀၀၀ နဲ့၄၀၀၀ ဖိုးတောင် မနည်းရောင်းနေရတယ်။”လို့ အဲ့ဒီကမ်းခြေက ပုဇွန်ကင်ရောင်းချသူတဦးကပြောပါတယ်။

ငွေဆောင်ကမ်းခြေနဲ့ချောင်းသာကမ်းခြေဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပခရီးသွားပြည်သူအများဆုံး လာရောက်လည်ပတ်တဲ့ ကမ်းခြေတွေဖြစ်ပြီး ချောင်းသာကမ်းခြေမှာ ဟိုတယ် ၃၉ လုံးနဲ့ တည်ခိုခန်း ၅၉ လုံးရှိပြီး၊ငွေဆောင်ကမ်းခြေမှာတော့ ဟိုတယ် ၃၃ လုံးနဲ့တည်ခိုခန်း ၄၆ လုံးရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ချောင်းသာ #ဝန်ထမ်း၄၀၀နီးပါး #အလုပ်ရပ်နားဖို့ရှိနေ

Related posts

Leave a Comment

VOM News

FREE
VIEW