နိုင်ငံ ၉၈ နိုင်ငံမှ ပြည်ပခရီးသွားတွေကို ဂျပန်နိုင်ငံက ပြည်၀င်ခွင့်ပြုပြီ

တိုကျို၊ ဇွန်-၁၀-၂၀၂၂
မျိုးဆက်(VOM)

ဂျပန်နိုင်ငံဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ချမှတ်ထားတဲ့ နယ်စပ်ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့ပြီး နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်ပနိုင်ငံတွေမှ ခရီးသွားတွေကို ပြည်၀င်ခွင့်ပြုလိုက်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အနည်းဆုံးဖြစ်နိုင်ခြေရှိတယ်လို့ ယူဆရတဲ့ နိုင်ငံနဲ့ နယ်မြေ ၉၈ ခုမှ ပြည်ပခရီးသွားတွေအတွက် နိုင်ငံနယ်စပ်တွေကို ဇွန် ၁၀ ရက်မှာ ဂျပန်အစိုးရက ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

အဲဒီနိုင်ငံတွေထဲမှာ အမေရိကန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ ပါ၀င်ပါတယ်။

ခွင့်ပြုထားတဲ့နိုင်ငံတွေမှ ၀င်ရောက်လာတဲ့ခရီးသွားတွေဟာ ဗိုင်းရပ်စ်ကူးစက်မှုရှိမရှိ စစ်ဆေးခြင်းမှ ကင်းလွတ်ခွင့်နဲ့ ကာကွယ်ဆေးမထိုးရသေးပေမယ့်် ကိုယ်တိုင်သီးခြားနေထိုင်ရခြင်းတွေကလည်း ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်။

ဒါပေမယ့် ပြည်ပခရီးသွားတွေ၀င်ရောက်မှုကို တရက်မှာအယောက် ၂၀၀၀၀ သာ သတ်မှတ်ထားတာကြောင့် ခရီးသွား၀င်ရောက်မှုကို ကန့်သတ်ထားဆဲဖြစ်ပြီး ခရီးသွားလမ်းညွှန်ပါတဲ့ အဖွဲ့လိုက်ခရီးသွားတွေကိုသာ လက်ခံဦးမှာဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်မှုဟာ ဂျပန်နိုင်ငံရဲ့ ပြည်တွင်းစီးပွားရေးကို အထောက်အကူဖြစ်ဖို့ မျှော်လင့်နေကြပေမယ့်လည်း နှစ်စဉ်ပြည်ပခရီးသွား သန်း ၃၀ ကျော်လာရောက်လေ့ရှိတဲ့ ကပ်ရောဂါမတိုင်မီကာလကထက် လက်ရှိခရီးသွားအရေအတွက် လက်ခံမှုကတော့ လွန်စွာနည်းပါးနေပါတယ်။

Ref:NHK
Photo:Nikkei
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW