မြစ်ငယ်မှာ တုတ်/ဓါးတွေကိုင်ဆောင်ပြီး လောင်းကစားဝိုင်းပြုလုပ်နေတယ်လို့ သိရ

ဇွန် ၁၀-၂၀၂၂
Voice Of Myanmar

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ် မြစ်လောင်းစက်ကွေ့ရပ်ကွက်၊ ရန်အောင်မြင်ဘုန်းကြီးကျောင်းအဝင် သရက်ခြံအနီးမှာ လေးကောင်ဂျင် လောင်းကစားဝိုင်းကို တုတ်/ဓားတွေကိုင်ဆောင်ပြီး လုံခြုံရေးယူကာ လုပ်ကိုင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

လေးကောင်ဂျင်လောင်းကစားဝိုင်းကိို ရန်အောင်မြင် ဘုန်းကြီးကျောင်း ဆိုင်းဘုတ်မုဒ်ဦးကနေဝင်ကာ သရက်ခြံအတွင်းအနီးမှာ မုန့်စျေးတန်းတွေနဲ့ တုတ်/ဓါးလက်နက်ကိုင်ကာ လုံခြုံရေးယူထားသူတွေနဲ့ပြုလုပ်နေတယ်လို့ သိရပါတယ်။

“လောင်းကစားဒိုင်ကတော့ ကိုလင်း ဗျ၊ သူတပည့်တွေက တုတ်/ဓါးတွေနဲ့ လောင်းကစားဝိုင်းကို လုံခြုံရေးယူထားတာ၊ ရဲလည်းဂရုမစိုက်ဖူး၊ နောက်ပြီး အဲ့ဒီလောင်းကစားဝိုင်းအနီးတဝိုက် မြစ််ငယ်လမ်းပေါ်မှာလည်း လုယက်မှုတွေမကြာခဏဖြစ်တယ်၊ ကျနော်တို့ အဲ့ဒီလောင်းကစားဝိုင်းကို နေရာရွေ့ပေးဖို့၊ နောက်ပြီး မပြုလုပ်ဖို့တိုင်တယ် အရေးယူခြင်းလည်းမရှိဘူး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ဒီလိုမင်းမဲ့စရိုက်ဆန်စွာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းတွေကို ထိရောက်စွာအရေးယူပေးစေခြင်တယ်လို့”လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံအချို့ကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ရက်နေ့လည်ပိုင်းက မန္တလေးမြို့ စက်မှုဇုံ ၂၊ ကနောင်မင်းသားကြီးလမ်း(၁၃၉)လမ်းနဲ့ (၅၉)လမ်းဒေါင့်မှာရှိတဲ့ မဟာဓါတ်အားလိုင်းအများပိုင်နေရာကို ဝင်းခတ်ကာရံပြီး လောင်းကစားဝိုင်းပြုလုပ်နေတဲ့အဖွဲ့ ကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မြစ်ငယ် #လောင်းကစားဝိုင်း #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW