တာချီလိတ်ကနေ ထိုင်းကိုသွားတဲ့ မြန်မာ ၂၃ ဦး နယ်စပ်မှာ အဖမ်းခံရ

ဘန်ကောက်၊ ဇွန်-၁၁-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ မယ်ဖလွမ်နဲ့ မယ်ဆိုင်တို့မှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာ ၂၃ ဦးကို ဇွန် ၉ ရက်နဲ့ ၁၀ရက်တို့မှာ ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

မယ်ဖလွမ်မှာ ဇွန် ၁၀ ရက်အစောပိုင်းက မြန်မာ ရှစ်ဦးပါတဲ့အဖွဲ့ကို ထိုင်းလှည့်ကင်းအဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး အမျိုးသမီးခြောက်ဦးနဲ့အမျိုးသားနှစ်ဦးတို့ ပါ၀င်တယ်လို့သိရပါတယ်။

သူတို့ဟာ တာချီလိတ်ကနေ ဘန်ကောက်ကို အလုပ်သွားလုပ်ဖို့ လာခဲ့တာဖြစ်ပြီး မြန်မာပွဲစားတဦးကို ဘတ် ၂၃၀၀၀ ပေးခဲ့ရတယ်လို့ ပြောပါတယ်။

မယ်ဆိုင်မှာလည်း တာချီလိတ်ကနေ ထိုင်းနိုင်ငံထဲကို တရားမ၀င်ဖြတ်ကျော်၀င်ရောက်လာတဲ့ မြန်မာ ၁၅ ဦးကို ဇွန် ၉ရက်မှာ ဖမ်းဆီးရမိခဲ့ပြီး အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ငါးဦးပါ၀င်ပါတယ်။

သူတို့ဟာလည်း ဘန်ကောက်မှအလုပ်လုပ်ဖို့ လာခဲ့ကြတာဖြစ်ပြီး ပွဲစားကို ဘတ် ၃၀၀၀ စီပေးခဲ့ရတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ မြန်မာတွေကို သက်ဆိုင်ရာ ရဲစခန်းတွေကို လွှဲပြောင်းပေးထားပြီး လုပ်ထုံးလုပ်နည်းတွေအရ ဆက်လက်အရေးယူဖို့ လုပ်ဆောင်နေပါတယ်။

Ref: Bangkok Post
Photo: Bangkok Post
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW