မြောက်ဒဂုံမှာ လူငယ်(၃)ဦးကို ပစ်ခတ်ဖမ်းဆီးမှုဖြစ်ပွား

ဇွန် ၁၁-၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်မှာ ဒီကနေ့ နေ့လယ်ပိုင်းက လူငယ်သုံးဦးကိုပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့ နေ့လယ် ၁၂ နာရီက ​မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်၊ ဦးလင်းလမ်းက နေအိမ်တစ်အိမ်မှ လူငယ်(၃)ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်
တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ပစ်ဖမ်းတာတော့ ဟုတ်တယ်၊ ဝင်ဖမ်းတဲ့အချိန် တယောက်ထွက်ပြေးလို့ ပစ်ပြီးဖမ်းတာ ထိသွားတယ်၊ လက်နက်တွေလည်း မိတယ်လို့ ပြောတယ်”လို့ သူကပြောပါတယ်။

ပစ်ခတ်ဖမ်းဆီးခံရသူတွေဟာ ဇူလှိုင်ဟိန်း၊ အောင်ခိုင်ထွန်း၊ ထက်လင်းအောင်တို့ဖြစ်ပြီး Glock ပစ္စတိုတစ်လက်၊ Stoeger Cougar ပစ္စတိုတစ်လက်၊ ကျည်အိမ်နှစ်ခု၊ကျည် ၄၉ တောင့်၊ လက်ပစ်ဗုံးလေးလုံးနဲ့ ယမ်းမှုန့်တစ်ထုတ် တို့နဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

လက်တလောမှာ ဖမ်းဆီးခံရတဲ့လူငယ်သုံးဦးကို ဘယ်မှာချုပ်နှောင်ထားတယ်ဆိုတာ VOM သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိူင်ခြင်းမရှိသေးပါဘူး။

မနေ့ ဇွန် ၁၀ရက်ကလည်း တောင်ဒဂုံမြို့နယ်၊ ၅၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ရုံးအကူဦးဟိန်းမျိုးလတ်ဆိုသူ သေနတ်နဲ့ပစ်ခတ်ခံရတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ဇွန်လ ၉ ရက်နေ့ တရက်တည်းမှာပဲ တောင်ဒဂုံမြို့နယ် ၊လှိုင်သာယာမြို့နယ် နဲ့သာကေတမြို့နယ်တွေက ရာအိမ်မှူးသုံးဦးလည်း သေနတ်နဲ့ပစ်ခတ်ခံရတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ ဇွန်လ ၁ ရက်ကနေ ဇွန်လ၁၀ ရက်အတွင်း ပစ်ခတ်မှုပေါင်း ၁၅ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ
တွေလည်းရှိတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မြောက်ဒဂုံ #လူငယ်(၃)ဦး #ပစ်ခတ်ဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW