ရေစကြို – ပခုက္ကူကားလမ်းပေါ်က ထွန်းညိုလူ တိုးလ်ဂိတ် မိုင်းခွဲခံရ

ဇွန် ၊ ၁၁ -၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ဆန်းသစ်ကျေးရွာအနီး ရေစကြို – ပခုက္ကူ ကားလမ်းပေါ်က ထွန်းညိုလူ တိုးလ်ဂိတ်ဟာ မနေ့ ဇွန် ၁၀ ရက် ည ၈ နာရီကျော်အချိန်က မိုင်းခွဲခံရတဲ့အတွက် ထိခိုက်ပျက်စီးသွားတယ်လို့ အဲ့ဒီဂိတ်ဝန်းကျင် ရွာခံတွေဆီက သိရပါတယ်။

” ည ၈ နာရီကျော်ရင် ကားသွား ကားလာ မရှိတော့ဘူး ၊ အဲ့ဒီနောက်ပိုင်း ပေါက်ကွဲသံတွေကြားရတယ် ၊ ဒီမနက်ကျမှ တိုးလ်ဂိတ် ဖျက်ဆီးခံရတယ်ဆိုတာ သိရတယ် ” လို့ အမည်မဖော်လိုတဲ့ ဒေသခံတယောက်က ပြောပါတယ်။

ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့ နဲ့ နီးစပ်သူတယောက်က” ဖျက်ဆီးခံရတဲ့ တိုးလ်ဂိတ်က ထွန်းညိုလူဂိတ်ဖြစ်တယ် ၊ တိုးလ်ဖလာဇာ အဆောက်အဦး အားလုံးနီးပါး ပျက်စီးသွားတယ် ၊ ဝန်ထမ်း အိပ်ဆောင်ပစ္စည်းတွေပါ ဝင်ရောက် ဖျက်ဆီးသွားတာ”လို့ ပြောပါတယ်။

ဒါ့အပြင် အခုလ ၉ ရက်နေ့ ၊ ညနေပိုင်းကလည်း မုံရွာ ၊ ရေစကြို ၊ ပခုက္ကူ ကားလမ်းပေါ်က ဆင်ဖြူရှင် ချင်းတွင်းမြစ်ကူးတံတား ကောက်ခံရေးဂိတ်စခန်းလည်း တိုက်ခိုက်ခံရပြီး သေနတ် ၊ ကျည်ဆံတွေအပြင် ပိုက်ဆံတွေ ပါသွားပြီး ရဲတချို့သေဆုံးတာနဲ့ ပျောက်ဆုံးနေတာတွေ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ရေစကြို #တိုးလ်ဂိတ် #ဖောက်ခွဲခံရ

Related posts

Leave a Comment

VOM News

FREE
VIEW