အဆိုတော် ဂျက်စတင်ဘီဘာ မျက်နှာလေတခြမ်းဖြတ်သွား ၊ လက်ခံထားတဲ့ ရှိုးပွဲတွေ ဖျက်သိမ်းလိုက်ရ

ဝါရှင်တန်၊ ဇွန်-၁၁-၂၀၂၂
မျိုးဆက်(VOM)

အဆိုတော် ဂျက်စတင်ဘီဘာဟာ မျက်နှာတခြမ်းလေဖြတ်သွားတာကြောင့် ယခုသီတင်းပတ်အတွင်းမှာ ဖျော်ဖြေဖို့စီစဉ်ထားတဲ့ ရှိုးပွဲတွေကို ဖျက်သိမ်းလိုက်ရပါတယ်။

အသက် ၂၈ နှစ်အရွယ် ဂျက်စတင်ဘီဘာဟာ Ramsay Hunt ဆင်ဒရုမ်းလက္ခဏာတွေကြောင့် အခုလိုဖြစ်ပွားရတာလို့ အင်စတာဂရမ်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

မြင်တဲ့အတိုင်းပဲ ကျတော့်မျက်လုံးတဘက်က မျက်တောင်ခတ်လို့မရပါဘူး။ ပြုံးရင်တောင် အဲဒီညာဘက်ခြမ်းက လှုပ်ရှားမှုမရှိဘူးလို့ ဂျက်စတင်ဘီဘာက ပြောပါတယ်။

လက်ရှိမှာတော့ ရုပ်ပိုင်းဆိုင်ရာအခြေအနေအရ ဖျော်ဖြေပွဲတွေ လုပ်နိုင်ဦးမှာမဟုတ်တဲ့အတွက် ပရိတ်သတ်အနေနဲ့ စိတ်ရှည်သည်းခံပေးဖို့ သူကမေတ္တာရပ်ခံထားပါတယ်။

ပုံမှန်အခြေအနေအတိုင်းပြန်ဖြစ်ဖို့ မျက်နှာလေ့ကျင့်ခန်းတွေ လုပ်နေပေမယ့်လည်း ပြန်ကောင်းဖို့ အချိန်ဘယ်လောက်ကြာမယ်ဆိုတာ မသိသေးဘူးလို့ ဂျက်စတင်ဘီဘာက ပြောပါတယ်။

Ramsay Hunt ဆင်ဒရုမ်း ဆိုတာကတော့ နားရွက်အနီး မျက်နှာမှာရှိတဲ့ အာရုံကြောတွေအနားမှာ ထိခိုက်ဒဏ်ရာရရင်ဖြစ်တတ်တယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။

Ref: BBC
Photo:Instragram
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW