ဧရာဝတီတိုင်းမှာ ဆိုင်ကယ်၊ဖုန်း၊ဓာတ်မြေသြဇာဆိုင်တွေကို လိုက်စစ်နေ

ကျောင်းကုန်း၊ဇွန် ၁၂ -၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်းက ကျောင်းကုန်း၊ပုသိမ်၊ဟင်္သာတစတဲ့ မြို့နယ်တွေမှာ မော်တော်ယာဉ်မော်တော်ဆိုင်ကယ်အရောင်းဆိုင်တွေ၊တယ်လီဖုန်းအရောင်းဆိုင်တွေနဲ့ဓာတ် မြေဩဇာအရောင်းတွေကို တရားဝင်လုပ်ထုံး လုပ်နည်းနဲ့အညီ တင်သွင်းရောင်းချတာ ရှိ၊မရှိ မနေ့ ဇွန် ၁၁ရက်က လိုက်လံစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

”တရားဝင်တင်သွင်း၊သိုလှောင်၊ဖြန့်ဖြူးရောင်းချတာ
ရှိ၊မရှိပူးပေါင်းအဖွဲ့တွေက လိုက်လံစစ်‌ဆေးတာ။တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီက လမ်းညွှန်ချက်အရ စစ်ဆေးတာဖြစ်တယ်။ ဖုန်းရောင်းတဲ့ဆိုင်တွေ၊ဆိုင်ကယ်ရောင်းတဲ့ဆိုင်တွေနဲ့ ဓာတ်မြေသြဇာရောင်းတဲ့ဆိုင်တွေကို စစ်ဆေးသွားတာ။ရုတ်တရက်ဆိုတော့လန့်သွားတယ်။တစ်ခါမှ ဒါမျိုးလာစစ်တာမရှိပါဘူး။စစ်တပ်အာဏာရပြီးဒါဟာ ပထမဆုံး စစ်တာဘဲ”လို့ ကျောင်းကုန်းမြို့နယ်ရှိ ဖုန်းရောင်းတဲ့သူတဦးကပြောပါတယ်။

အဲ့ဒီလို့ စစ်ဆေးတာဟာ တရားမဝင်တဲ့ပစ္စည်းတွေ ရောင်းချတာ၊တရားမဝင် သိုလှောင်ထားတာ၊တရားမဝင်
ဖြန်းဖြူးတာတွေကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဥပဒေနဲ့အရေးယူဖို့ စစ်ဆေးတာဖြစ်တယ်လို့ သိရပါတယ်။

”ကုန်ပစ္စည်းဆို ဘယ်ကုန်ပစ္စည်းမဆို တရားမဝင် ဖြန့်ဖြူးရောင်းချတာ၊သိုလှောင်တာမရှိစေဖို့စစ်ဆေးတာ။
စစ်ဆေးတွေ့ရရင်အရေးယူမှာ မနေ့ကအထိတော့
စစ်ဆေးတွေရှိတာမရှိသေးဘူး။”လို့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

အဲ့ဒီစစ်ဆေးတဲ့အဖွဲ့မှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊
မြို့နယ်ရဲတပ်ဖွဲ့၊စည်ပင်သာယာရေးအဖွဲ့၊မီးသတတပ်ဖွဲ့၊ အခွန်ဦးစီးဌာန၊စစ်တပ်နဲ့မြို့နယ်အဆင့် တာဝန်ရှိအဖွဲ့အစည်းတွေကစစ်ဆေးတာဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ #ဖုန်း၊ဆိုင်ကယ်၊ဓာတ်မြေဩဇာဆိုင် #လိုက်စစ်ဆေး

Related posts

Leave a Comment

VOM News

FREE
VIEW