မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတဖွယ်မရှိနိုင်ကြောင်း အမေရိကန်ဝေဖန်

စင်ကာပူ၊ ဇွန်-၁၂-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာ လာမယ့်နှစ်အတွင်းကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖွယ်မရှိဘူးလို့ အမေရိကန်ထိပ်တန်းတာ၀န်ရှိသူတဦးက ဇွန် ၁၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လာမယ့်နှစ် သြဂုတ်လမှာ ရွေးကောက်ပွဲသစ်ကျင်းပဖို့ မြန်မာအာဏာပိုင်တွေရဲ့ ကတိက၀တ်အပေါ် သံသယရှိတယ်လို့ အမရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချိုလက်က ဆိုပါတယ်။

ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရာမျှတဖို့ အခွင့်အလမ်းမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာဒေသတွင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်ဖျားဖို့ ကြိုးပမ်းမှုတရပ်ဖြစ်နိုင်ပါတယ် လို့ စင်ကာပူမှာပြုလုပ်တဲ့ အာရှလုံခြုံရေးဆွေးနွေးပွဲတက်နေတဲ့ ဒဲရက်ခ်ချိုလက်က ပြောပါတယ်။

ရုရှားရဲ့ကျူးကျော်မှုကြောင့် ယူကရိန်းကို လက်နက်တွေထောက်ပံ့ပေးသလိုမျိုး မြန်မာနိုင်ငံမှာရှိတဲ့ စစ်တပ်ဆန့်ကျင်ရေး အင်အားစုတွေက လက်နက်တွေထောက်ပံ့ဖို့ တောင်းဆိုမှုတွေရှိနေပေမယ့် လက်ရှိမှာတော့ လက်နက်တွေထောက်ပံ့ရေး အမေရိကန်က စဉ်းစားထားတာမရှိဘူးလို့ သူက အတည်ပြုပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် မြန်မာပြည်သူ တသန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကုလသမဂ္ဂက ဇွန်လအစောပိုင်းမှာ ထုတ်ပြန်ထားပြီး မုတ်သုန်ရာသီအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပြတ်တောက်မှာကို စိုးရိမ်နေပါတယ်။

Ref:Straits Times
Photo: AP
#voiceofmyanmar #VOM #စင်ကာပူ

Related posts

Leave a Comment

VOM News

FREE
VIEW