အမေရိကန်မှာ သေနတ်ကိုင်ဆောင်မှုအပေါ် တင်းကြပ်တဲ့ဥပဒေတွေပြဌာန်းဖို လူသောင်းနဲ့ချီပြီး ဆန္ဒပြ

ဝါရှင်တန်၊ ဇွန်-၁၂-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်မှာ အစုလိုက်အပြုံလိုက် သေနတ်ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် သေနတ်ကိုင်ဆောင်မှုအပေါ် တင်းကြပ်တဲ့ဥပဒေတွေပြဌာန်းဖို့ သောင်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေဟာ နိုင်ငံတ၀န်းမှာ စုဝေးဆန္ဒပြနေကြပါတယ်။

ဆန္ဒပြသူတွေဟာ သေနတ်ဘေးက ကင်းဝေးချင်တယ်ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ကြွေးကျော်ဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဒီဆန္ဒပြပွဲတွေကို ထောက်ခံလိုက်ပြီး သေနတ်ကိုင်ဆောင်မှုဆိုင်ရာ တင်းကြပ်တဲ့ဥပဒေပြဌာန်းဖို့ တောင်းဆိုလိုက်ပါတယ်။

ဒါပေမယ့်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ အပြောင်းအလဲဖြစ်ဖို့ကို ရီပတ်ဘလီကန်တွေက တားဆီးမယ့် အလားအလာရှိနေပါတယ်။

တက္ကဆက်ပြည်နယ်မှာ မေ ၂၄ ရက်ကဖြစ်ပွားခဲ့တဲ့ မူလတန်းကျောင်းပစ်ခတ်မှုအတွင် ကလေးငယ် ၁၉ ဦးနဲ့ ဆရာမနှစ်ဦးသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် နယူးယောက်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာလည်း လူ ၁၀ ဦးထိ သေဆုံးခဲ့ပြီးနောက် အမေရိကန်မှာ သေနတ်ထိန်းချုပ်မှုဆိုင်ရာနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ အသစ်တဖန်တောင်းဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW