ယူကရိန်းအတွက် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ ပေးပို့တဲ့လက်နက်အများအပြားကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှားပြော

မော်စကို၊ ဇွန်-၁၃-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသမှာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ပေးပို့ထားတဲ့ ဒုံးကျည်တွေအပါအ၀င် စက်လက်နက်ပစ္စည်းအမြောက်အများကို ဖျက်ဆီးခဲ့တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ဇွန် ၁၃ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Udachne ရထားဘူတာရုံအနီး တိကျတဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ယူကရိန်းတပ်ဖွဲ့တွေထံ အနောက်အုပ်စုက ပေးပို့ထားတဲ့ လက်နက်တွေကို ထိမှန်ပြီး ဖျက်ဆီးနိုင်ခဲ့တာလို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ဆိုပါတယ်။

အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းကို လက်နက်တွေထပ်မံပေးပို့ဖို့ ယူကရိန်းသမ္မတရဲ့ လက်ထောက်တဦးဖြစ်သူ Mykhailo Podolyakက ထပ်မံတောင်းဆိုထားပါတယ်။ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ရုရှားနဲ့တန်းတူ လက်နက်အင်အားရှိဖို့လိုတယ်လို့ သူကပြောပါတယ်။

နေတိုးအဖွဲ့ ဌာနချုပ်မှာ ကမ္ဘာတ၀န်းက ကာကွယ်ရေး၀န်ကြီးတွေ ဇွန် ၁၅ ရက်မှာတွေ့ဆုံမယ့် အစည်းအဝေးမှာတော့ အနောက်နိုင်ငံတွေက ယူကရိန်းကို လက်နက်ဘယ်လောက် ပေးပို့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မျှော်လင့်ကြောင်း သူကဆိုပါတယ်။

ယူကရိန်းတပ်တွေဟာ ရုရှားရဲ့ လက်နက်အသာစီးနဲ့တိုက်ခိုက်မှုတွေကြောင့် အရှေ့ပိုင်းဒွန်ဘတ်စ်ဒေသမှာ အထိနာနေပြီး ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Ref: Reuters/ BBC
Photo:AFP

#voiceofmyanmar #VOM #ယူကရိန်း #ရုရှား #ကမ္ဘာ့သတင်း

Related posts

Leave a Comment

VOM News

FREE
VIEW