ရုပ်ရှင်သရုပ်ဆောင် ယဉ်လတ်ရဲ့နေအိမ်ရှေ့ ဗုံးတွေ့လို့ ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်ခဲ့

ဇွန်၁၃ -၂၀၂၂
KK(VOM)

ဗဟန်းမြို့နယ်က ရုပ်ရှင်သရုပ်ဆောင်ယဥ်လတ်ရဲ့နေအိမ်ရှေ့မှာ ဒီကနေ့ ညနေပိုင်းက ဗုံးတွေ့ရှိပြီးနောက်လမ်းတွေပိတ်ဆို့ကာ စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့ ညနေ သုံးနာရီကျော်က သရုပ်ဆောင်ယဥ်လတ်နေထိုင်ရာ ဗဟန်းမြို့နယ်၊ ကျိုက်က္ကဆံရပ်ကွက်၊ ဥဿဖရားလမ်းက နေအိမ်ရှေ့မှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ရှိလို့ စစ်တပ်နဲ့ရဲတွေက လမ်းတွေပိတ်ဆို့ကာ စစ်ဆေးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ဗုံးပေါက်တယ်လည်းပြောတယ် ဗုံးတွေ့တယ်လို့လည်းပြောတယ် အတိအကျတော့ မသိဘူး၊ စစ်တပ်နဲ့ရဲတွေကတော့ စစ်ဆေးတာတွေလုပ်နေတယ်”လို့ ပြောပါတယ်။

အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက”လက်လုပ်ချိန်ကိုက်ဗုံးတွေ့တာပါ ပေါက်တော့ မပေါက်ကွဲသေးဘူး၊ စစ်တပ်က သက်မဲ့အောင်ပြုလုပ်ပြီး ရှင်းလိုက်တယ်”လို့ သူကပြောပါတယ်။

သရုပ်ဆောင်ယဥ်လတ်နေအိမ်ရှေ့မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း မပေါက်ကွဲသေးတဲ့လက်လုပ်ချိန်ကိုက်ဗုံးတွေ့ရှိခဲ့တဲ့ ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။

ဗဟန်းမြို့နယ်မှာ ပြီးခဲ့တဲ့လတွေက ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှုတွေဖြစ်ခဲ့လို့ သေဆုံးသူနဲ့ဒဏ်ရာရရှိသူတွေ
လည်းရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #သရုပ်ဆောင်ယဉ်လတ် #နေအိမ်ရှေ့ #ဗုံးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW