၈ တန်းအောင်ပြီးရင် တက်နိုင်မယ့် သမဝါယမစာရင်းကိုင်ပညာသင်တန်းကျောင်း မကွေးမှာဖွင့်မယ်

ဇွန် ၁၂-၂၀၂၂
VOM (GG)

၈ တန်းအောင်မြင်ပြီးသူတိုင်း တက်ရောက်နိုင်မယ့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းကို မကွေးမြို့မှာ လာမယ့် ဇွန် လ ၁၆ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာ​ ဖြစ်တယ်လို့ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကနေ သိရပါတယ်။

သင်တန်းကျောင်းကာလက အချိန် ၂ နှစ်ဖြစ်ပြီး သင်တန်းပြီးပါက သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊သမဝါယမဦးစီးဌာန ပညာရေးနဲ့ လေ့ကျင့်သင်ကြားရေးဆိုင်ရာ ညွှန်ကြားမှုအဖွဲ့ က Diploma in Business Accounting ပေးအပ်ချီးမြှင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

” ရည်ရွယ်ချက်က ပညာဆက်သင်ဖို့ အခက်အခဲရှိသူတွေကို စာရင်းရေး ၊ စာရင်းကိုင်ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်အောင်နဲ့ သင်တန်းသားထဲကနေ ထူးချွန်သူတွေကို ရွေးချယ်ပြီး သမဝါယမကောလိပ်၊ သမဝါယမနဲ့ စီမံခန့်ခွဲမှုပညာတက္ကသိုလ်ကို ပေါင်းကူး ပြီး ပညာဆက်သင်ကြားနိုင်ဖို့အခွင့်အလမ်း ဖန်တီးပေးတာပါ “လို့ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးကပြောပါတယ်။

အဲ့ဒီသင်တန်းတက်ရောက်သူတွေကို နိုင်ငံတော်က စားသောက်စရိတ်အ​ ဖြစ် တလကို ၃သောင်း ကျပ်အပြင် ဝတ်စုံစရိတ် တစ်နှစ်စာအတွက် ၂၅၀၀၀ ကျပ် ထောက်ပံ့ပေးမှာဖြစ်ပြီး နယ်ဝေးကနေ လာတက်မယ့်သူ တွေကိုလည်း နေထိုင်စရာ ​အဆောင်စီစဉ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ကျောင်းအပ်နှံထားသူပေါင်း၇၈ ဦးရှိပြီး အမျိုးသား ၂၉ ဦးနဲ့ အမျိုးသမီး ၄၉ ဦးဖြစ်တယ်လို့ သိရပါတယ်။

သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းကိုတော့ မကွေးမြို့၊မကွေးဘူတာတောင်ဘက် ၊အောင်မေတ္တာ (ဃ)ရပ်ကွက်၊ မြင်းကင်းကျေးရွာအနီးမှာဖွင့်လှစ်ထားတာဖြစ်ပြီး တက်ရောက်လိုသူတွေအနေနဲ့ ဆက်သွယ်စုံစမ်းနိုင်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #သမဝါယမစာရင်းကိုင်ပညာသင်တန်းကျောင်း #မကွေးမှာဖွင့်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW