(ALP) အနေနဲ့ နစက ခေါင်းဆောင်နဲ့ တွေ့ဆုံတဲ့အခါ ရခိုင်ပြည်အရေးကို အဓိကဆွေးနွေးသွားမယ်လို့ဆို

ဇွန် ၁၃- ၂၀၂၂
SW+KT(VOM)

နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ဒုတိယဥက္ကဌ ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့အဖွဲ့ဟာ နေပြည်တော်သို့ ရောက်ရှိနေပြီး တွေ့ဆုံတဲ့အခါ ရခိုင်ပြည်အရေးကို ဦးစားပေးဆွေးနွေးသွားဖွယ်ရှိတယ်လို့ ALP ပါတီ ပြန်ကြားရေးက ဗိုလ်မှူးကြီးခိုင်စိုးမြက ပြောပါတယ်။

“ တွေ့ဆုံဆွေးနွေးတဲ့အခါမှာတော့ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် ပစ်မှတ်ထားဆွေးနွေးသွားမှာ ဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးခိုင်စိုးမြက ပြောပါတယ်။

ဆွေးနွေးမယ့်နေရာနဲ့ အချိန်အတိအကျကို မသိရသေးကြောင်းနဲ့ လက်ရှိအချိန်ထိ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ALP ပြန်ကြားရေးကို အကြောင်းပြန်တာမရှိသေးကြောင်း သူကဆက်ပြောပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဌ ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို ရခိုင်ပြညနယ် စစ်တွေမြို့ကနေ နေပြည်တော်ကို တပ်မတော်လေယာဥ်ဖြင့်ထွက်ခွာလာရာ ဒေသခံပြည်သူတွေက “ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ပါစေ” စာသားပါဗီနိုင်းပိုစတာများ ကိုင်ဆောင်၍ စစ်တွေလေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်လည်းသိရပါတယ်။

နစကကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံဖို့ အကြောင်းပြန်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရှိပြီး အဲဒီထဲမှာ NCA လက်မှတ်ထိုးပြီးသား လက်နက်ကိုင်တွေရော မထိုးထားသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေပါ ပါဝင်ပါတယ်။

နစက ကောင်စီဥက္ကဌအနေနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က နိုင်ငံတော်ကိုပြောတဲ့ မိန့်ခွန်းကနေတဆင့် တိုင်းရင်းသားလက်နက်ကိုင်တွေကို သူကိုယ်တိုင်တွေ့ဆုံဖို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

နစက ဥက္ကဌဟာ NCA လက်မှတ်ထိုးပြီးသားအဖွဲ့တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်တဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)နဲ့ မေလ ၂၀ ရက်နေ့ကတွေ့ဆုံခဲ့ပြီးတဲ့နောက် ဆက်တိုက်ဆိုသလို မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) တို့ တွေ့ဆုံခဲ့ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ တွေ့ဆုံးဆွေးနွေဖို့ ကျန်နေသေးကြောင်း သိရပါတယ်။

NCA မထိုးထားတဲ့အဖွဲ့တွေမှာတော့ အင်အားကြီး ကချင် KIO/ KIA ကဆွေးနွေးပွဲကို အားလုံးမပါဝင်တဲ့အတွက် မတက်ရောက်ဘူးလို့အကြောင်းပြန်ထားပြီး UWSA “ဝ”အဖွဲ့၊ ရှမ်ပြည် တိုးတက်ရေးပါတီ (SSPP/ SSA)နဲ့ မိုင်းလားအဖွဲ့ (NDAA) တို့က နစကနဲ့ တွေ့ဆုံပြီးဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ အေအေ၊ တအာင်း (TNLA)နဲ့ ကိုးကန့် (MNDAA) တို့ကတော့ ဆွေးနွေးပွဲတက်ဖို့ အကြောင်းပြန်တာ အခုချိန်ထိ မရှိသေးကြောင်း သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW