ကျိုက်လတ်မြို့ ဒေါင့်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ၃ ချက်ပစ်ခံရပြီး သေဆုံး

ကျိုက်လတ်၊ ဇွန်လ ၁၅-၂၀၂၂
မင်းမြတ်

ဧရာ၀တီတိုင်း၊ကျိုက်လတ်မြို့နယ်၊ဒေါင့်ကြီးကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဒီကနေ့ ညနေ ၃ နာရီလောက်က သေနတ်နဲ့သုံးချက်ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

”စစ်တပ်အာဏာရပြီးဖြစ်လာတဲ့အုပ်ကြီးပါ။ဒီကနေ့ညနေ ၃ နာရီကျော်လောက်မှာသေနတ်နဲ့ သုံးချက်အပစ်ခံရလို့ ပွဲချင်းပြီးသေဆုံးသွားတာ။ အုပ်ကြီး သေနတ်နဲ့အပစ်ခံရပြီး ခဏအကြာ ရဲတွေနဲ့ စစ်သားတွေရောက်လာတာတွေ့ရတယ်။ စစ်ဆေးနေတာတွေလည်း လုပ်နေတယ်။”လို့ အဲ့ဒီဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူတဦးကပြောပါတယ်။

အဲ့ဒီဒေါင့်ကြီးကျေးရွာကအုပ်ချုပ်ရေးမှူးဟာ နေအိမ်ကနေ အပြင်ကိုအထွက်မှာသေနတ်နဲ့ပစ်သတ်ခံရတာဖြစ်ပြီး သေနတ်နဲ့ပစ်သတ်သွားသူတွေကို ဖမ်းဆီးရမိဖို့ စစ်တပ်၊ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တွေက တအိမ်ဝင်တအိမ်ထွက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးတာဝန်ရှိသူတဦးက” သေနတ်သမားတွေဟာ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာ လောလောဆယ်မသိရသေးပါဘူး။ရဲတွေ စစ်တပ်တွေက လိုက်လံစစ်ဆေးနေပါတယ်။အပစ်ခံရတဲ့ နေရာမှာပဲ သေဆုံးသွားတာဟုတ်တယ်။”လို့ ပြောပါတယ်။

ဧရာဝတီဗိုလ်တိုက်ငမန်းအဖွဲ့က ပျူစောထီးအဖွဲ့ဝင်တဦးလည်းဖြစ် ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့
ဒေါင့်ကြီးကျေးရွာကအုပ်ကြီးကို ဒီကနေ့ ညနေ ၃ နာရီလောက်မှာသေနတ်နဲ့ ၃ ချက်ဆင့်လာရောက် ပစ်သတ်ခဲ့တာလို့ သူတို့ရဲ့Facebook စာမျက်နှာကနေ သတင်းထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် ဧရာဝတီဗိုလ်တိုက်ငမန်းအဖွဲ့က အဲ့ဒီအုပ်ချုပ်ရေးမှူးက စစ်ကောင်စီတပ်ဖွဲ့နီးစပ်တဲ့ ဆက်ဆံရေးရှိသူဖြစ်ပြီး ရွာကဒေသခံတွေအပေါ်မှာ နည်းမျိုးစုံဖိအားပေးခိုင်းစေမှုများလုပ်ဆောင်နေသူလို့ သတင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

#voiceofmyanmar #VOM #ကျိုက်လတ် #ကျေးရွာအုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW