ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုတွေ ကြီးထွားလာတော့မယ်လို့ သတိပေး

စတော့ဟုမ်း၊ ဇွန်-၁၄-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘာပေါ်မှာ စစ်အေးကာလနောက်ပိုင်း နျူကလီးယားလက်နက်တွေ အသုံးပြုလာနိုင်တဲ့့ အမြင့်ဆုံးအန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း ဆွီဒင်သုတေသနအဖွဲ့တဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် နျူကလီးယာလက်နက်ပိုင်ဆိုင်မှုတွေဟာလည်း လာမယ့်ဆယ်စုနှစ်အတွင်း ပိုမိုကြီးထွားလာလိမ့်မယ်လို့ စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနဌာနက ဇွန် ၁၃ ရက်မှာ ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ပေါ်မှာ နျူကလီးယားထိပ်ဖူးအရေအတွက်ဟာ ၂၀၂၂ခုနှစ် ဇန်နဝါရီလထိ ၁၂၇၀၅ ခုရှိမယ်လို့ အဲဒီအဖွဲ့က ခန့်မှန်းထားပြီး ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ကထက် ၃၇၅ ခုနည်းပါးနေပါတယ်။

နျူကလီးယားထိပ်ဖူးတွေ ပိုင်ဆိုင်မှုရဲ့ ၉၀ ရာခိုင်နှုန်းဟာ အမေရိကန်နဲ့ ရုရှားတို့ဖြစ်ပြီး ရုရှားမှာ ၅၉၇၇ ခုရှိတယ်လို့ ခန့်မှန်းထားပြီး ယမန်နှစ်ကထက် ၂၇၈ ခုလျော့နည်းသွားတယ်လို့ဆိုပါတယ်။

အမေရိကန်မှာတော့ နျူကလီးယားထိပ်ဖူး ၅၄၂၈ ခုရှိပြီး ၂၀၂၁ ခုနှစ်ကထက် ၁၂၂ ခုနည်းပါးနေပါတယ်။ ဒါပေမယ့် အရေအတွက်လျော့နည်းမှုဟာ စစ်ဘက်မှာ အသုံးမပြုတော့တာတွေကို ဖျက်သိမ်းလိုက်ကြောင့် လို့ ဆွီဒင်သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားမှာ နျူကလီးယားထိပ်ဖူး ၂၀ ခန့်၊ အိန္ဒိယမှာ ၁၆၀ ရှိပြီး တရုတ်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့ နျူကလီးယားထိပ်ဖူးပိုင်ဆိုင်မှုကတော့ မပြောင်းလဲကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref: NHK
Photo:Anadolu

#voiceofmyanmar #VOM #ကမ္ဘာ့သတင်း #နျူကလီးယားလက်နက်

Related posts

Leave a Comment

VOM News

FREE
VIEW