ဆီဗီရိုဒွန်နက်စ်မြို့က တံတားအားလုံးကို ရုရှားတပ်တွေ ဖောက်ခွဲဖျက်ဆီး၊ မြို့ခံယူကရိန်းပြည်သူတွေ ထွက်ပေါက်ပိတ်နေ

ကိယက်ဗ်၊ ဇွန်-၁၄-၂၀၂၂
မျိုးဆက်(VOM)

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ယူကရိန်းနိုင်ငံ ဆီဗီရိုဒွန်နက်စ်မြို့ကို ဆက်သွယ်ထားတဲ့ တံတားတွေအားလုံးကို ရုရှားတပ်တွေက ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း ယူကရိန်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Serhiy Haidaiက ပြောပါတယ်။

အဲဒီလို တံတားတွေကို ဖျက်ဆီးပြီး မြို့ကိုထိထိရောက်ရောက် ဖြတ်တောက်မှုတွေပြုလုပ်လိုက်တာကြောင့် ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့တာနဲ့ အရပ်သားတွေကို ကယ်တယ်ဖို့ မဖြစ်နိုင်တော့ကြောင်း သူကပြောပါတယ်။

ဆီဗီရိုဒွန်နက်စ်မြို့ကို သိမ်းပိုက်ဖို့ဟာ သီတင်းပတ်များစွာအတွင်း ရုရှားအတွက် အဓိက စစ်ရေးရည်မှန်းချက်လည်းဖြစ်ပါတယ်။

ဆီဗီရိုဒွန်နက်စ်မြို့နဲ့ အနီးမှာရှိတဲ့ လီဆီချန်နက်စ်မြို့ကို သိမ်းပိုက်နိုင်ရင် ရုရှားကျောထောက်နောက်ခံပြုတဲ့ ခွဲထွက်ရေးသမားတွေရှိရာ လူဟန့်စ်ဒေသတခုလုံးကို ရုရှားက ထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။

ဆီဗီရိုဒွန်နက်စ်မြို့ကို ဆက်သွယ်ထားတဲ့ အဓိကတံတားသုံးစင်းစလုံး ပျက်စီးသွားပြီး မြို့ရဲ့ ၇၀ ရာခိုင်နှုန်းဟာ ရုရှားတွေရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီး မြို့မှာကျန်ရှိနေသူတွေဟာ အလွန်ခက်ခဲတဲ့အခြေအနေမှာ အသက်ရှင်နေရတယ်လို့ အုပ်ချုပ်ရေးမှူး Serhiy Haidaiက ပြောပါတယ်။

အနောက်နိုင်ငံတွေက ထောက်ပံ့တဲ့လက်နက်တွေဟာ တတ်နိုင်သလောက် မြန်မြန်ရောက်မလာသေးဘူးလို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။

စစ်ပွဲကိုအဆုံးသတ်ဖို့အတွက် ရုရှားနဲ့တန်းတူလက်နက်တွေလိုအပ်တယလို့ ယူကရိန်းသမ္မတ ဇီလန်စကီးရဲ့ အကြံပေးတဦးက ထုတ်ဖော်ပြောဆိုပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW