ဒေလီမှာ နေထိုင်သူတွေ လေထုညစ်ညမ်းမှုကြောင့် (၁၀) နှစ်နီးပါး အသက်တိုဖွယ်ရှိ

၀ါရှင်တန်၊ ဇွန်-၁၄-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှုအဆိုးဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ နေထိုင်သူတွေအနေနဲ့ ၁၀ နှစ်နီးပါး အသက်တိုစေနိုင်ကြောင်း အမေရိကန်သုတေသနအဖွဲ့တဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာနေထိုင်သူ သန်း ၅၁၀ သို့မဟုတ် အိန္ဒိယလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးဟာ လက်ရှိလေထုညစ်ညမ်းမှုပမာဏအရ အသက် ၇ ဒသမ ၆ နှစ်တိုတောင်းဖို့ လမ်းကြောင်းပေါ်ရောက်နေတယ်လို့ ချီကာဂိုတက္ကသိုလ် စွမ်းအင်မူဝါဒအင်စတီကျုရဲ့ လေထုအရေအသွေးနဲ့ အသက်ညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။

လေ့လာမှုအရ အိန္ဒိယနိုင်ငံသားတွေရဲ့ ပျှမ်းမျှသက်တမ်းဟာ လက်ရှိလေထုအရေအသွေးအဆင့်မှာ အသက်ငါးနှစ် တိုတောင်းနေတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံသား ၁ ဒသမ ၃ ဘီလီယံကျော်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဘေးကင်းတယ်လို့ သတ်မှတ်ထားတဲ့ လေထုအဆင့်ကို ကျော်လွန်ပြီး အမှုန်အမွှားတွေပါ၀င်တဲ့ လေထုတွေရှိရာနေရာမှာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်နှစ်တိုင်း လူသန်းချီပြီး သေဆုံးနေပါတယ်။ ဆောင်းရာသီမှာ အိန္ဒိယမြို့ကြီးတွေကို ဖုံးလွှမ်းလေ့ရှိတဲ့ မီးခိုမြူတွေပြည့်နှက်နေတဲ့လေထုထဲမှာ PM2.5 အဆင့်သတ်မှတ်ထားတဲ့ အမှုန်းအမွှားတွေပါ၀င်နေပြီး အဆုတ်ကိုပိတ်ဆို့စေကာ ရောဂါများစွာဖြစ်ပွားစေတယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။

Ref: BBC
Photo:Getty Images

#voiceofmyanmar #VOM #ကမ္ဘာ့သတင်း #ဒေလီလေထုညစ်ညမ်းမှု

Related posts

Leave a Comment

VOM News

FREE
VIEW