မြစ်ကြီးနား မန်ခိန် အထက်တန်းကျောင်း နှစ်ထပ် ကျောင်းဆောင် မီးလောင်

ဇွန် ၊ ၁၅ ၊ ၂၀၂၂
SP (VOM)

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ မန်ခိန် ရပ်ကွက် ၊ မန်ခိန် အခြေခံပညာ အထက်တန်းကျောင်းက ၂ ထပ်ကျောင်းဆောင် ၁ ဆောင်ဟာ ဇွန် ၁၅ ရက် ၊ ဒီကနေ့ မနက်အစောပိုင်းက မီးလောင်ပျက်စီးသွားတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီက သိရပါတယ်။

” ဒီမနက် အစောပိုင်း ၁ နာရီဝန်းကျင်မှာ မီးစလောင်တယ် ၊ လင်းခါနီး မနက် ၄ နာရီမှ မီးငြိမ်းသွားတယ် ၊ မီးမလောင်ခင် အချိန်က စာသင်ကျောင်းထဲဘက်က လူသံတွေကြားရတယ် ၊ သူတို့ ဘာပြောတယ်ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရဘူး” လို့ အဲ့ဒီ စာသင်ကျောင်း အနီးဝန်းကျင်က ဒေသခံ တစ်ယောက်က ပြောပါတယ်။

” မန်ခိန် အထက်တန်းကျောင်းက ၂ ထပ်စာသင်ဆောင် မီးလောင်တာ ၊ အပေါ်ထပ်ကတော့ အကုန်လုံး ပျက်စီးသွားတယ် ၊ ရှို့မီးဖြစ်တယ် ၊ ပျက်စီးဆုံးရှုံးမှု ခန့်မှန်း ကာလတန်ဘိုးကတော့ စီစစ် တွက်ချက်နေတုန်း ” လို့ ကချင်ပြည်နယ် မီးသတ်ရုံး ၊ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကျောင်းသား မိဘ တစ်ယောက်က ” ပြီးခဲ့တဲ့ရက်ပိုင်း ကျောင်းအပ်ရာသီတုန်းကလည်း အဲ့ဒီ ကျောင်းနားကို သေနတ်ဖောက်ပြီး ကျောင်းမအပ်ကြဖို့ အော်ဟစ်ပြောဆိုတာတွေ ဖြစ်ခဲ့သေးတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ မီးလောင်သွားတဲ့ ကျောင်းဟာ ဒီမနက်ပိုင်းမှာတော့ ကျောင်းတက်သွားတဲ့ ကျောင်းသား ကျောင်းသူတွေ မမြင်ရဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

#voiceofmyanmar #VOM #မြစ်ကြီးနား #မန်ခိန်အထက်တန်းကျောင်းမီးလောင် #မီးသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW