အောင်လံမြို့နယ်က ရပ်ကျေးကြံ့ခိုင်ရေးပါတီဝင် ၂ ဦး အသတ်ခံရ

ဇွန် ၁၄-၂၀၂၂
GG(VOM)

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကြက်ရုံးလေးကျေးရွာက ရပ်ကျေးကြံ့ခိုင်ရေးပါတီဝင် ၂ ဦး မနေ့ ဇွန်၁၃ ရက်နေ့ ညနေပိုင်းက အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မနေ့က ညနေ ၅ နာရီလောက်မှာ ကျောင်းကိစ္စနဲ့ပတ်သက်ပြီး အောင်လံမြို့ကိုသွားပြီး အပြန်လမ်းမှာ အသတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

” ကြက်ရုံးလေးရွာနဲ့ သနပ်တောင်ဗွေရွာအကြား သနပ်တောင်ဗွေဘုရားနားမှာ အသတ်ခံရတာလို့ သိရတယ်။နေရာမှာ ပွဲချင်းပြီးပဲ။ လက်လုပ်ရှော့ဂမ်းနဲ့ပစ်ပြီးဆိုင်ကယ်လဲချိန် ဓားနဲ့ထပ်ခုတ်တာလို့ပြောတယ်၊ ဦးမြငြိမ်းဆိုတာက ကြက်ရုံးလေးရွာနဲ့ “လို့ ဒေသခံတဦးကပြောပါတယ်။

အသတ်ခံရတဲ့ အမျိုးသားနှစ်ဦးဟာ ကြက်ရုံးလေးကျေးရွာ ရပ်ကျေးစည်းရုံးရေးမှူး ဦးမြငြိမ်းဆိုသူနဲ့ ဦးညီလေးကြီး ဆိုသူတို့ဖြစ်ကြောင်း၊ ဘယ်အဖွဲ့က သတ်တယ်ခဆိုတာတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်​ပြီး စစ်တပ်နဲ့ရဲကတော့ စစ်ဆေးရှာဖွေတာတွေနဲ့ အမှုဖွင့်အရေးယူဖို့ လုပ်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကလည်း အောင်လံမြို့နယ်၊နီဘရောင်အုပ်စု၊ပဒဲကျေးရွာက အုပ်ချုပ်ရေးမှူး အသတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အောင်လံ #ရပ်ကျေးကြံ့ခိုင်းရေး၂ဦး #အသတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW