ပခုက္ကူမြို့က ချေးငွေလုပ်ငန်းဘဏ် ကားတစီး ဓားပြတိုက်ခံရ

ဇွန် ၊ ၁၇-၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့မှာရှိတဲ့ အသေးစားနဲ့အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်ခွဲ (၂)က ဘဏ်ဝန်ထမ်းတွေဟာ မနေ့ ဇွန် ၁၆ ရက် မနက်ပိုင်းက ဘဏ်ချေးငွေ ကောက်ခံဖို့သွားရောက်တဲ့အခါ လမ်းမှာ ဓားပြတိုက်ခံခဲ့ရတယ်လို့ ပခုက္ကူဘဏ်အသိုင်းအဝိုင်းကနေ သိရပါတယ်။

” ဘဏ်ဝန်ထမ်းတွေက မန်ကျည်းကန်ကျေးရွာဘက်ကို ချေးငွေကောက်ခံပြီး၊ ပခုက္ကူဘက်ကို ပြန်မောင်းအလာ မန်ကျည်းကန်ကျေးရွာလမ်းခွဲနေရာအရောက်မှာ ဓားပြအတိုက်ခံရတာပါ ၊ ဘဏ်ဝန်ထမ်းတွေ အသုံးပြုစီးနင်းတဲ့ Probox အဖြူရောင်ကား ၁ စီးနဲ့ ပိုက်ဆံ သိန်း ၃၀ ကျော်ပါသွားတယ် “လို့ ပခုက္ကူ အသေးစား နဲ့ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်ခွဲ ၂ နဲ့ နီးစပ်တဲ့သူတယောက်က ပြောပါတယ်။

အဲ့ဒီဓားပြမှုနဲ့ပတ်သက်ပြီး ပခုက္ကူခရိုင်ရဲတပ်ဖွဲ့ရုံး ၊ တာဝန်ရှိသူတယောက်က ” လက်လုပ်သေနတ်တွေကိုင်ထားတဲ့ အကြမ်းဖက်လူအုပ်စုက ဓားပြတိုက်လိုက်တာပါ ၊ ဓားပြတွေကို ဖမ်းဆီးရမိရေးအတွက် နယ်မြေရှင်းလင်းရေးအဖွဲ့က လုပ်နေပါတယ်”လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလ ၂လအတွင်း ပခုက္ကူခရိုင်ထဲက ဆိပ်ဖြူမြို့နယ်မှာ ၂ ကြိမ် ၊ ရေစကြိုမြို့နယ်မှာ ၃ ကြိမ် ၊ မြိုင်မြို့နယ်မှာ ၃ ကြိမ်နဲ့ ပခုက္ကူမြို့ပေါ်မှာ ၄ ကြိမ် အလားတူ ကားနဲ့ ပိုက်ဆံ ဓားပြတိုက်ခံရတာတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #ချေးငွေလုပ်ငန်းဘဏ်ကား #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW