ကလေး – တမူး ကားလမ်းပေါ်က ဘေလီသံဘောင်တံတား ၁ စင်း ကျိုးကျလို့ ကားတွေသွားမရဖြစ်နေ

ဇွန် ၊ ၁၇-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ရန်မျိုးအောင်ရွာအနီး တမူး – ကလေး ကားလမ်းပေါ်က သံဘောင်ဘေလီ တံတား ၁ စင်းဟာ မနေ့ ဇွန် ၁၆ ရက် ညနေပိုင်းမှာ ချောင်းရေတိုက်စားပြီး ကျိုးကျသွားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” မိုးများတော့ တံတားချဉ်းကပ်လမ်းတွေ ရေတိုက်စားပြီး ကျိုးကျသွားတာပါ ၊ တံတားပေါ်က လုံးဝဖြတ်သွားလို့ မရပါဘူး ၊ ချောင်းထဲကပဲ ကွင်းလမ်းထွန်ပြီး ကားကြီးတွေတော့ စမ်းဖြတ်နေကြတယ် ၊ ကားလေးတွေက သွားမရဘူး “လို့ ကုန်တင်ကားသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ကလေး – တမူး ကားလမ်းပိုင်းဟာ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လမ်းဖြစ်တဲ့အတွက် အရင်နှစ်တွေတုန်းက နှစ်တိုင်းလိုလို ဆောက်လုပ်ရေးလမ်းအဖွဲ့က ပြုပြင်ထိန်းသိမ်းတာတွေ လုပ်ပေးတာရှိပေမယ့် လုံခြုံရေးကြောင့် အဲ့ဒီလမ်း မပြင်နိုင်တာ ၂ နှစ်နီးပါးရှိပြီလို့လည်း သိရပါတယ်။

အဲ့ဒါကြောင့် လမ်းတံတားတွေရဲ့ ကြံ့ခိုင်မှုအရည်အသွေးဟာ စိတ်ချရတဲ့ အတိုင်းအတာ မရှိတော့တဲ့အတွက် ကားသမားတွေအနေနဲ့ အထူးဂရုပြု မောင်းနှင်နေရတယ်လို့ ကားသမားတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ကလေးတမူးကားလမ်း #သံဘောင်တံတာကျိုးကျ #ကားသမားတွေသွားမရ

Related posts

Leave a Comment

VOM News

FREE
VIEW