စီးပွားရေးပညာရှင် ရှောင်တာနယ်ကို ပြန်လွှတ်ပေးဖို့ သြစတြးလျ၀န်ကြီးချုပ်သစ် တိုက်တွန်း

ဆစ်ဒနီ၊ ဇွန်-၁၇-၂၀၂၂
မျိုးဆက်(VOM)

သြစတြေးလျစီးပွားရေးပညာရှင် ရှောင်တာနယ်ကို ပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို သြစတြေးလျ၀န်ကြီးချုပ်သစ် အန်တိုနီအယ်လ်ဘာနီးစ်က ဇွန် ၁၆ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ယခင်မြန်မာအစိုးရရဲ့ စီးပွားရေးအကြံပေးဖြစ်သူ ရှောင်တာနယ်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပွားပြီးနောက် ငါးရက်အကြာမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံရဲ့ လျှိုဝှက်ချက်ဥပဒေတွေကိုချိုးဖောက်မှုနဲ့ တရားစွဲဆိုခံခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတာ ၁၆ လရှိပြီဖြစ်ပါတယ်။သူ့ကို ရုံးတင်စစ်ဆေးဖို့ လုံလောက်တဲ့ သက်သေအထောက်အထားတွေရှိတယ်လို့ မြန်မာဘက်ကဆိုပါတယ်။

“ရှောင်တာနယ်ကို လွှတ်ပေးသင့်ပါတယ်။ ဒါက သြစတြေးလျအစိုးရရဲ့ ရပ်တည်ချက်ပြီး ဒီအပေါ်အခြေခံကာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မိမိတို့မြင်တွေ့နေရတာကတော့ ဒါဟာတရားမျှတမှုမရှိသလို လူ့အခွင့်အရေးနဲ့ သင့်တော်တဲ့ တရားစီရင်ရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံက ဘေးဖယ်ထားတယ်” လို့ သြစတြေးလျ၀န်ကြီးချုပ်က ပြောပါတယ်။

ရှောင်တာနယ်လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး သြစတြေးလျအစိုးရက အပြည့်အဝထောက်ခံမှုနဲ့ လုပ်ဆောင်နေမှာဖြစ်တယ်လို့ သူကထုတ်ဖော်ပြောဆိုထားပြီး ပြန်လွှတ်ပေးရေးကို နိုင်ငံခြားရေး၀န်ကြီး ပန်နီ၀န်ကလည်း တိုက်တွန်းထားပါတယ်။

Ref:EPOCH Times
Photo: LinkedIn
#voiceofmyanmar #VOM #ဆစ်ဒနီ

Related posts

Leave a Comment

VOM News

FREE
VIEW