မုံရွာ-မော်လိုက်-ဖောင်းပြင် ကားလမ်းတွေ ပျက်စီးနေလို့ ကားတွေရာနဲ့ချီပြီး ပိတ်မိနေ

ဇွန် ၊ ၁၇-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာ-တန့်ဆည်-ကလေးဝ-မော်လိုက်-ဖောင်းပြင် ကားလမ်းပိုင်းမှာ ဒီလ ၅ ရက်ကစလို့ မိုးအဆက်မပြတ်ရွာခဲ့တဲ့အတွက် လမ်းတွေပျက်စီးကာ မဟာမြိုင်တောကြီးထဲမှာ ကားတွေ ပိတ်မိနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” မုံရွာ ကနေ ၊ မော်လိုက်နဲ့ ဖောင်းပြင်မြို့တွေကို အရင်က ၁ ညအိပ် ၂ ရက်ခရီးသွားရပေမယ့် ဒီလ ၅ ရက်နေ့ကစလို့ လမ်းတွေပျက်စီးနေတဲ့အတွက် ခရီး ၁ ခေါက်ကို ၁၀ ရက်ကျော်တဲ့အထိ သွားလာနေရတယ်”လို့ ကားသမားတယောက်က ပြောပါတယ်။

အဲ့ဒါကြောင့် ကားပေါ်မှာပါတဲ့ ကုန်စိမ်းတွေနဲ့ ပုတ်သိုး ပျက်စီးကုန်တယ်လို့ သိရပါတယ်။

” အဓိက ပျက်စီးကုန်တွေကတော့ ရေခဲရိုက်ငါး ၊ ပုဇွန်တွေ ၊ ကွမ်းရွက်ခြင်းတွေနဲ့ ကြက်သွန် ၊ ခရမ်းချဉ်တွေဖြစ်တယ် “လို့ ကုန်တင်ကားသမားတယောက်က ပြောပါတယ်။

အဲ့ဒါကြောင့် မဟာမြိုင်တောကြီးထဲမှာ ကားလမ်းတွေပျက်စီးနေတဲ့အတွက် သွားလာမရဘဲ ပိတ်မိနေတဲ့ ကားအစီးရေဟာ ရာနဲ့ချီပြီးရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မော်လိုက် #ဖောင်းပြင် #ကားလမ်းပျက်စီး #ကားရာနဲ့ချီပိတ်မိနေ

Related posts

Leave a Comment

VOM News

FREE
VIEW