မြောက်ကိုရီးယားမှာ အမျိုးအမည်မသိ အူလမ်းကြောင်းရောဂါ အစုလိုက်အပြုံလိုက် ဖြစ်ပွားနေ

ပြုံးယမ်း၊ ဇွန်-၁၇-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားမှာ အမျိုးအမည်မသိ အူလမ်းကြောင်းရောဂါဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရင်းနေရကြောင်း အာဏာပိုင်တွေက ဇွန် ၁၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရောဂါဖြစ်ပွားသူတွေကို သီခြားခွဲထားမယ့် အစီအမံတွေကို အကောင်အထည်ဖော်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမိန့်ပေးထားကြောင်း နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။

ရောဂါခံစားနေရသူတွေကို ကူညီဖို့ ဟေဂျူမြို့သို့ ဇွန် ၁၅ ရက်မှာ ဆေးဝါးတွေပေးပို့ခဲ့ပြီး အဲဒီရောဂါဟာ တိုက်ဖွိုက် သို့မဟုတ် ကာလ၀မ်းရောဂါဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူတွေက သံသယရှိနေပါတယ်။

နိုင်ငံတွင်းရှိ လူသန်းပေါင်းများစွာ ဖျားနာနေကြာင်း ထုတ်ပြန်ပြီးနောက် နိုင်ငံအရေးပေါ်အခြေအနေကို မြောက်ကိုရီးယားက မေလမှာ ကြေညာခဲ့ပြီး ဖျားနာသူတွေဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်နေတယ်လို့ ယူဆရပါတယ်။

လက်ရိဖြစ်ပွားနေတဲ့ ရောဂါဖြစ်ပွားမှုအရေအတွက် သို့မဟုတ် ရောဂါဘယလိုဖြစ်ပွားတယ်ဆိုတာကို အသေးစိတ်ဖော်ပြခြင်းမရှိပေမယ့်လည်း အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ကြောင်း တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW