ကန်ပိုက်တီဂိတ်ကနေ တရုတ်ဖက်ကို တစ်သျှူးငှက်ပျော တရက်ကို ကားအစီး၃၀၀ ပို့နေရ

ဇွန် ၊ ၁၈ ၊ ၂၀၂၂
SP(VOM)

ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တခုဖြစ်တဲ့ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးဂိတ်မှာ ကချင်ပြည်နယ်ထွက် တစ်သျှူးငှက်ပျောကားတွေ ၁ ရက်ကို ကားအစီးရေ ၃ ရာကျော် တရုတ်ဖက်ကို ပို့နေရတယ်လို့ ကံပိုင်းတည် နယ်စပ်ကုန်သွယ်ရေးဌာနကနေ သိရပါတယ်။

” ပြီးခဲ့တဲ့နှစ်တွေက ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေး ဂိတ်ဟာ ပိတ်ထားရတယ် ၊ ဒီနှစ်ဆန်းပိုင်းကစလို့ ဖြေလျှော့ဖွင့်လှစ်ပေးခဲ့တယ် ၊ အခုတော့ လုံးလုံးပွင့်သွားပါပြီ “လို့ နယ်စပ်ကုန်သွယ်ရေး သစ်သီးကုန်သည်တယောက်က ပြောပါတယ်။

အခု ဇွန်လ ပထမပတ်မှာ တစ်သျှူးငှက်ပျောကား ၂ ရာကျော် ပုံမှန်ဝင်ရောက်ရာကနေ ၁၀ ရက်နောက်ပိုင်းကစလို့ နေ့တိုင်းလိုလို တစ်သျှူးငှက်ပျောကား ၃ ရာကျော် ဝင်ရောက်လာတယ်လို့ အဲ့ဒီကုန်သွယ်ရေး ဂိတ်က သိရပါတယ်။

ကချင်ပြည်နယ်ရဲ့ဒေသထွက်ကုန်တခုဖြစ်တဲ့ တစ်သျှူးငှက်ပျောကို၂၀၀၆ ခုနှစ်ကစလို့ ဝိုင်းမော် ၊ မိုးမောက် နဲ့ ဗန်းမော်မြို့နယ်တွေဘက်မှာ စတင်စိုက်ပျိုး ထုတ်လုပ်ပြီး တရုတ်ဘက်ကို တင်ပို့နေတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဒီနှစ်ဆန်းပိုင်းမှာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပြဿနာကြောင့် တစ်သျှူးငှက်ပျော စျေးကွက် ပျက်ခဲ့ရပေမယ့် ဒီလကစလို့ စျေးကွက်ပြန်လည် တည်ငြိမ်လာတဲ့အတွက် တစ်သျှူးငှက်ပျောစိုက် တောင်သူတွေ အဆင်ပြေနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ကန်ပိုက်တီ #တစ်သျှူးငှက်ပျော

Related posts

Leave a Comment

VOM News

FREE
VIEW