မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရပြီး ဒုရဲအုပ် ၁ ဦးလည်း ဒဏ်ရာရ

ဇွန် ၊ ၁၉-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ကျောက္ကာလမ်း ရွှေအိမ်နန်း တည်းခိုခန်းအနီး ၊ ပြည်သစ်ကွမ်းယာဆိုင်နားမှာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦး ကားထဲမှာ ပစ်သတ်ခံရတယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။

” သေဆုံးသူက မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အရပ်သားဒေသခံကိုယ်စားလှယ် ဦးသန်းဇော်ထွန်း အသက် ၄၂ နှစ်ဖြစ်တယ် “လို့ သေဆုံးသူရဲ့ မိတ်ဆွေတယောက်က ပြောပါတယ်။

မုံရွာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့နဲ့ နီးစပ်သူတဦးက ” ဦးသန်းဇော်ထွန်းက ကွမ်းယာဆိုင်ရှေ့မှာ ကားထဲ အပစ်ခံရတာပါ ၊ ဦးခေါင်းပိုင်း ၁ ချက်နဲ့ လည်ပင်း ၁ ချက် ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ ဆုံးပါးသွားခဲ့တယ် “လို့ ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေးအဖွဲ့က လမ်းတွေကို ပိတ်ဆို့ စစ်ဆေးတဲ့အခါ ဒီမနက် ၈ နာရီဝန်းးကျင်က မုံရွာမြို့ ၊ ချမ်းမြဝတီရပ်ကွက် ၊ ဗန္ဓုလလမ်း နဲ့ ရေကူးကန်အနီးမှာ လူသတ်မှုကျူးလွန်သူနဲ့ လုံခြုံရေးအဖွဲ့တို့အကြား ထပ်မံ ပစ်ခတ်မှုဖြစ်ပြီး ဒုရဲအုပ် ၁ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

” လူသတ်မှုကျူးလွန်တဲ့သူကို ပစ်ခတ်ဖမ်းဆီးရင်း အသေဖမ်းမိတယ် ၊ ပစ္စတိုသေနတ် ၂ လက် ၊ ကျည်ဆံ ၂၅ တောင့် ၊ ကျည်အိမ် ၃ ခု သိမ်းဆည်းရမိတယ် ” လို့ မုံရွာမြို့နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

#voicemyanmar #VOM #မုံရွာ #ခရိုင်စီမံအဖွဲ့၀င် #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW