စစ်ကိုင်းမြို့နယ်က ယာခင်းတောထဲမှာ တောင်သူ ၃ ဦး အသတ်ခံရ

ဇွန် ၊၁၉ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ခက်ခကျေးရွာဘက်က ယာခင်းတောထဲမှာ မနေ့ ဇွန် ၁၈ ရက် ၊ မနက်ပိုင်းက တောင်သူလုပ်ကိုင်နေတဲ့ လူ ၃ ယောက် အသတ်ခံရတယ်လို့ နယ်ခံလူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” ဖြစ်တဲ့နေရာက ခက်ခရွာရဲ့ အရှေ့မြောက်ဘက်က ယာခင်းတောထဲမှာပါ ၊ ဖြစ်တာက မနက် ၁၁ နာရီ ဝန်းကျင်မှာဖြစ်တယ် ၊ အသတ်ခံရတဲ့ တောင်သူ ၃ ဦးက ခက်ခရွာသားတွေဖြစ်တဲ့ ဦးမောင်ချမ်း ၊ ဦးခင်မောင်သန်း နဲ့ ဦးညိုမန်းတို့ဖြစ်တယ် “လို့ နာရေးကူညီပေးခဲ့သူ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ လူသတ်မှုနဲ့ပတ်သက်လို့ စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့ရုံးတာဝန်ရှိသူတဦးက ” အသတ်ခံရတဲ့ လူ ၃ ဦးက တောင်သူတွေဖြစ်တယ် ၊ နိုင်ငံရေး အရောင်အသွေး ရှိကြတာ မဟုတ်ဘူး ၊ အကြမ်းဖက် သတ်ဖြတ်မှုပါ ၊ အမှုဖွင့် အရေးယူထားပါတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် ဒီလ ၁၇ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းမြို့နယ် ၊ မလဲတောကျေးရွာက ယာခင်းတောထဲမှာ လုပ်ငန်းခွင် လုပ်ကိုင်နေတဲ့ ကိုဇော်နိုင်ဆိုသူလည်း အလားတူ သတ်ခံရတယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် ဒီလ ၁၆ ရက်ကလည်း စစ်ကိုင်းမြို့နယ် ၊ ကြွယ်လူးကျေးရွာမှာ ၂ လောင်းပြိုင် ၊ ၁၅ ရက်နေ့ကလည်း ပဒူးရွာက ကုန်စုံဆိုင်မှာ ၄ လောင်းပြိုင် ၊ ၅ ရက်ကလည်း ပန်းချီရွာမှာ မိသားစုလိုက် ၄ လောင်းပြိုင် အသတ်ခံရတဲ့ လူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့ပါသေးတယ်။

#voicemyanmar #VOM #စစ်ကိုင်း #၃လောင်းပြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW